🌳Twenty - Eight🌳

8.3K 1K 32
                                    

(Unicode)

မနက်စောစောစီးစီး ဆူဆူညံညံအသံတချို့ကြောင့် ဂျောင်ဂု အိပ်ရာကနေ ကမန်းကတမ်းထထိုင်လိုက်သည်။ ဘေးနားက Omega ပေါက်ကတော့ အိပ်နေဆဲပင်။

ထယ်ယောင်းမနိုးအောင် ခြေသံကိုဖွပြီး အိပ်ရာမှထကာ အပြင်သို့ လှမ်းကြည့်လိုက်တော့ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရသည်။ တိုက်ပွဲဖြစ်သလို ဆူညံနေတာမျိုးမဟုတ်ပဲနဲ့ စကားသံတွေ အော်သံတွေနဲ့ ဗလုံးပထွေး ဆူညံနေခြင်းသာ။

ဂျောင်ဂုလည်း အခြေအနေ သိရအောင် သေနတ်ကိုဆွဲယူပြီး အပြင်သို့ ထွက်လာလိုက်သည်။ အပြင်ရောက်သည်နှင့် မျက်နှာအပျက်ပျက်အယွင်းယွင်းနဲ့ ဂွမ်ဆူအား မလှမ်းမကမ်းတွင် တွေ့လိုက်ရသည်မို့ ဂျောင်ဂုလည်း ဂွမ်ဆူနား ခပ်သွက်သွက်လေး ပြေးသွားလိုက်သည်။ ဂွမ်ဆူသည်လည်း ဂျောင်ဂုလာနေတာကို တွေ့သည်နှင့် အရိုအသေပြုကာ

"မင်းသား နိုးလာပြီပဲ၊ မင်းသားကို နှိုးမလို့လုပ်သေးပေမဲ့..."

"ထားလိုက်၊ အခု ဒီလူတွေက ဘာလုပ်နေကြတာလဲ"

"အဲ့ဒါ..အဲ့ဒါတွေက ဆန္ဒပြနေကြတာပါ"

"ဘာ"

ဂျောင်ဂု မျက်ခုံးတွေ တွန့်ချိုးသွားပြီး အပြင်က လူအုပ်ကြီးကို လှမ်းကြည့်လိုက်ပြန်သည်။ သေချာကြည့်မှ လက်ထဲတွင်လည်း ဆိုင်းဘုတ်အချို့ကို ကိုင်ထားတာ တွေ့ရသည်။ အလှမ်းဝေးတော့ စာကို မမြင်ရသလို၊ ဝူးဝါးဝူးဝါး အော်နေသည်များကိုလည်း ပြတ်သားစွာ မကြားရ။

"ဘာကို ဆန္ဒပြနေကြတာလဲ၊ စောစောစီးစီး စိတ်ရှုပ်ဖို့ကောင်းအောင်"

ဂျောင်ဂု ပြောပြောဆိုဆိုနဲ့ နန်းတော်အပြင်သို့ ထွက်သွားတော့သည်။ ဂျောင်ဂုကို တွေ့သည်နှင့် အစောင့်များက အရိုအသေပြုကြပြီး ကြောက်လန့်နေကြဟန်။ ဂွမ်ဆူကလည်း ဂျောင်ဂု နောက်က ထပ်ကြပ်မခွာလိုက်လာသည်။

နန်းတွင်း အပြင်ရောက်သည်နှင့် တစ်မြို့လုံးက လူများရောက်နေသည့်အလား လူအုပ်ကြီးက ကြိတ်ကြိတ်တိုးနေတော့သည်။ ဂျောင်ဂုကို တွေ့တာနဲ့ အားလုံးက တိတ်ဆိတ်သွားကာ အရိုအသေပြုကြသည်။

Love In The Woods [Completed]Where stories live. Discover now