🌳Five🌳

10.3K 1.5K 159
                                    

(Unicode)

Pheromone နံ့။
ခပ်ပြင်းပြင်းအနံ့တွေ ရောထွေးနေသည်မို့ ဘယ်သူဘယ်ဝါရဲ့ အနံ့လဲဆိုတာ တပ်အပ် မပြောနိုင်။ သေချာတာတစ်ခုကတော့ ဂျောင်ဂု မဟုတ်။

အနားတွင် ဂျောင်ဂုကလည်း ရှိမနေ။ ဂျောင်ဂုက ညစာအတွက် တစ်ခုခုရှာရန် ထွက်သွားပြီး အခု အနည်းငယ်ပင် မှောင်နေပြီ ပြန်မလာ‌သေးတာကြောင့် စိတ်ပူမိသည်။

ပြင်းထန်သော Alpha pheromone တွေကြောင့် ထယ်ယောင်း ခေါင်းထဲ တရိပ်ရိပ်နဲ့ မူးနောက်လာလေသည်။

"ဂျောင်ဂု"

အသံထွက်ကာ ခေါ်မိသော်လည်း ပတ်ဝန်းကျင်က ဘာတုန့်ပြန်မှုမှ မရှိ။

တဖြည်းဖြည်းနီးကပ်လာဟန်ရှိသော Alpha pheromone တွေကြောင့် အနည်းငယ် လန့်မိတာတော့ အမှန်။

ဘေးတွင် ချထားသော ဓားကို လှမ်းယူလိုက်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ ဘာအရိပ်အယောင်မှ မတွေ့။

ထိုအချိန်မှာပဲ ခပ်လှမ်းလှမ်းတွင် မြင်းတစ်ကောင်နဲ့ ရောက်လာသော လူတစ်ယောက်ကြောင့် ထယ်ယောင်းလည်း နီးစပ်ရာ သစ်ပင်‌နောက်တွင် အမြန်ပုန်းလိုက်ရသည်။

ထိုလူက မြင်းပေါ်မှ ဆင်းကာ ထယ်ယောင်းရှိရာ ဘက်ကို မျက်နှာမူလိုက်တော့ ထယ်ယောင်းမျက်လုံးတို့မှာ ဝိုင်းခနဲ။

ဓားရေးကျင့်တဲ့ ညနေဘက်တိုင်း လာခေါ်တဲ့ကောင်လေး ဂန်ထယ်ဟွန်းပဲ။

အန္တရာယ်မရှိသောသူမို့ ထယ်ယောင်း စိတ်သက်သာရာ ရသွားပြီး ပုန်းနေရာမှ ထွက်လာလိုက်သည်။

"ဟွန်းလေး"

ထယ်ယောင်း၏ လှမ်းခေါ်သံကြောင့် ဟွန်းမှာလည်း အမြန်လှည့်ကြည့်လိုက်မိသည်။ ထယ်ယောင်းကို တွေ့မှ မျက်နှာလေးက အနည်းငယ်ပြုံးယောင်သမ်းသွားပြီး အနားကို ကပ်လာသည်။

"အစ်ကိုယောင်း၊ အစ်ကို့ကို နေ့တိုင်း လိုက်ရှာနေခဲ့တာ"

"ငါအဆင်ပြေပါတယ်"

ထယ်ယောင်းက အပြုံးတို့နဲ့ တုန့်ပြန်သော်လည်း ဟွန်းက ချက်ချင်း မျက်မှောင်ကုတ်သွားကာ ထယ်ယောင်းကို စိုက်ကြည့်နေသည်။

Love In The Woods [Completed]Where stories live. Discover now