🌳Twenty -Two🌳

7.2K 1K 60
                                    

(Unicode)

မျက်လုံးမှိတ်ထားသော်လည်း အလင်းရောင်စူးစူးကို ခံစားမိနေသည်မို့ အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်သည်။

ဝေဝေဝါးဝါး အမြင်အာရုံမှာ ပေါ်လာသည်က ရင်းနှီးနေပြီးသား မျက်နှာတစ်ခု။ မိမိအား နှစ်လိုဖွယ်ပြုံးပြ၍ ငုံ့ကြည့်နေသည်မို့ ထယ်ယောင်း အားများပြည့်သွားသလိုပင်။

"မောင်"

ပါးစပ်က အသံခပ်တိုးတိုး ရေရွတ်ကာ မောင့်မျက်နှာကို အနီးကပ်ကြည့်ချင်သည်မို့ လှဲနေရာမှ ထရန်အတွက် လက်ထောက်လိုက်သည်နှင့် လက်မောင်းရင်းမှ စူးနစ်နေအောင် နာလာသည်။

"အာ့"

"အစ်ကိုယောင်း နိုးလာပြီ"

ဘောမ်ဂယူ အသံကြားမှ ထယ်‌ယောင်း ပြန်မော့ကြည့်လိုက်ရာ အနားတွင် ဂျောင်ဂု ရှိမနေ။ ထင်ယောင်ထင်မှား ဖြစ်ခြင်း သက်သက်ပဲလား။

ဘောမ်ဂယူက သမားတော်ကို ခေါ်လာပြီး သမားတော်က ထယ်‌ယောင်းကို စစ်ဆေးပေးသည်။ သမားတော်နဲ့အတူ ဂျီဟိုကပါ အခန်းထဲသို့ အပြေးလေး လိုက်ဝင်လာသည်။

သမားတော်ကြီးကတော့ ထယ်ယောင်း၏ လက်ကောက်ဝတ်အား စမ်းသပ်ရင်း

"မစိုးရိမ်ရပါဘူး၊ ဒဏ်ရာက ပြင်းတာကြောင့် အနားယူဖို့တော့ လိုမယ်၊ ဖြစ်နိုင်ရင် အမြန်သက်သာဖို့အတွက် mate က အနားမှာ ရှိနေတာပိုကောင်းလိမ့်မယ်"

သမားတော် စကားကြောင့် ထယ်ယောင်းမှာ မျက်နှာလေး အနည်းငယ်ညိုးသွားဟန်။ ဂျီဟိုကပဲ ခေါင်းငြိမ့်ပြကာ သဘောတူပြီး သမားတော်ကို အိမ်ပြန်လိုက်ပို့ပေးရန် ထွက်သွားတော့သည်။

"ကျွန်တော် မင်းသားကို ဒီအကြောင်းသွားပြောလိုက်သင့်လား"

ဘောမ်ဂယူက ထယ်ယောင်း လှဲနေသော ကုတင်ဘေးရှိ ထိုင်ခုံလေး‌တွင် ဝင်ထိုင်ရင်း ပြောသည်။ သို့သော်လည်း ထယ်ယောင်းက ခေါင်းသာ အသာခါပြရင်း

"မပြောပါနဲ့ ဘာမှကြီးကြီးမားမားဖြစ်တာမှမဟုတ်တာ၊ အလကားသက်သက် စိတ်ရှုပ်နေရလိမ့်မယ်"

"ဓားဒဏ်ရာက ဒီလောက်ကြီးတာကို ကြီးကြီးမားမားပေါ့ဗျ၊ သွေးအထွက်မလွန်ခင် သမားတော်ဆီရောက်လို့ အသက်မသေတာ မဟုတ်ရင် အန္တရာယ်များတယ်"

Love In The Woods [Completed]Where stories live. Discover now