🌳Eight🌳

10.2K 1.3K 167
                                    

(Unicode)

တရားလွန်ချေပြီ။
ထယ်ယောင်းရှေ့သို့ Alpha မိန်းကလေးခေါ်လာပြီး လက်ထပ်ရမဲ့သူဟု ပေါ်တင်ပြောတာကြီးကတော့ သိပ်လွန်တယ်မဟုတ်လား။

ဂျောင်ဂု အလန့်တကြားနဲ့ ထယ်ယောင်းကို လှည့်ကြည့်လိုက်တော့ ခေါင်းလေးငုံ့ထားသည်ကို တွေ့လိုက်ရသည်။

"မင်းကြီး၊ ဒါကျွန်တော်နဲ့ နှစ်ယောက်ထဲ ပြောရမဲ့ ကိစ္စ‌ပါ၊ အခုလိုမျိုး..."

"မကြာခင် တစ်တိုင်းပြည်လုံး သိတော့မဲ့ ကိစ္စကို မင်းက ဘာတွေ ဖုံးကွယ်ချင်နေသေးတာလဲ ဂျွန်ဂျောင်ဂု၊ ဒါက ငါ့အမိန့် ဘုရင့်အမိန့်ပဲ"

ဘုရင်၏ စကားဆုံးသည်နှင့် ဂျောင်ဂု ဘာမှဆက်မပြောတော့ဘဲ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိသည်။ ကိုယ့်အဖေရင်းလည်းဖြစ်၊ ဘုရင်လည်းဖြစ်နေသည်မို့ ‌ဒေါသများအား ရင်ထဲတွင်သာ ထိန်းချုပ်လျက်။

ဟူးခနဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး ထယ်ယောင်းလက်ကို ဆွဲကာ ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ ဘုရင်ခွင့်ပြုချက်မရသေးဘဲ မသွားရဘူး ဆိုပေမဲ့ အခု ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့တဲ့ အခြေအနေမို့။

ထယ်ယောင်းကလည်း ဂျောင်ဂုခေါ်ရာနောက်သို့ တိတ်ဆိတ်စွာ လိုက်လာရှာသည်။

နန်းတော်ထဲ၊ ဂျောင်ဂု၏ အခန်းထဲ ရောက်တော့မှ တံခါးကိုပိတ်လိုက်ကာ ထယ်ယောင်းနဲ့ မျက်နှာချင်းဆိုင်ရပ်ကာ ထယ်ယောင်းပုခုံးလေးကို ခပ်ဖွဖွကိုင်ရင်း

"ခုနက ပြောခဲ့တာတွေက အမှန်မဟုတ်ဘူးဆိုတာ သိတယ်မလား"

ထယ်ယောင်းက ဘာမှ ပြန်မဖြေ။ အောက်က ကြမ်းခင်းကိုသာ စိုက်ကြည့်နေသည်။

"ဖြေပါဦး မောင့်အသက်ရာ၊ မောင်ကပဲ တောင်းပန်ပါတယ်၊ အဲ့ဒါတွေက တကယ်ဖြစ်လာမဲ့အရာတွေမဟုတ်ဘူး"

"ထယ် ဒီကိုလိုက်လာတာက အကုန်လုံးအတွက် အရှုပ်ထုပ်ဖြစ်နေတာမလား၊ မောင့်အတွက်ရောလေ"

တိုးညင်းလှစွာသော ‌ထယ်ယောင်း၏အသံ။
မငိုမိအောင် ထိန်းထားမှန်း သိသာလှသည်။

"မောင်ကတောင် တခါမှ ဒီလိုမတွေးဖူးတာကို ဘာလို့ ထယ်က အဲ့လိုတွေ တွေး‌နေရတာလဲ၊ မောင့်အသက် တစ်ယောက်ထဲကိုပဲ ရူးလောက်အောင် ချစ်တာ"

Love In The Woods [Completed]Where stories live. Discover now