🌳Twenty - Seven🌳⚠️

10.9K 1K 23
                                    

(Unicode)

ညမှောင်ရီပျိုးချိန်။
တိတ်ဆိတ်ခြောက်ကပ်နေကျ အခန်းက ထယ်ယောင်းပြန်ရောက်လာမှ ပြန်လည်စိုပြေလာသယောင်။

မှောင်နေသော အခန်းကို အလင်း‌ရစေရန် ဖယောင်းတိုင်များကို တစ်တိုင်ချင်း ဂျောင်ဂု ထွန်းညှိနေသည်။ တစ်ချက်တစ်ချက် လေအဝေ့မှာ ထယ်ယောင်း၏ pheromone နံ့သင်းသင်းကပါ လွင့်ပျံလာသည်မို့ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်ရသည်။

အခန်းလေး လင်းသွားတော့မှ ဂျောင်ဂုလည်း လက်ထဲက မီးခြစ်ဆံကို မှုတ်လိုက်ကာ ထယ်ယောင်းရှိရာ အိပ်ရာပေါ်သို့ လျှောက်လာသည်။

ထယ်ယောင်းကတော့ မျက်လုံးအဝိုင်းသားနဲ့ ဂျောင်ဂုလုပ်သမျှကို လိုက်ကြည့်နေဟန်။

"မောင့်အသက် မအိပ်သေးဘူးလား"

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းဘေးတွင် ဝင်ထိုင်လိုက်သည်။ ဂျောင်ဂု ထိုင်လိုက်သည်နှင့် ထယ်ယောင်းက ဂျောင်ဂုရင်ခွင်ထဲ ခေါင်းလေး တိုးဝင်လာကာ

"မောင်နဲ့ အတူရှိနေမဲ့ အချိန်တွေကို အိပ်မပစ်ချင်ပါဘူး"

"မအိပ်ဘဲ ဘာလုပ်ချင်လို့လဲ"

ပြုံးစိစိနဲ့ မေးလာသော ဂျောင်ဂုကြောင့် ထယ်ယောင်းမှာ မျက်နှာလေး နီရဲသွားပြီး ဂျောင်ဂုရင်ခွင်ထဲ မျက်နှာလေးဖွက်သွားသည်။

"ဘာမှမလုပ်ချင်ပါဘူးနော် ဘာတွေပြောနေတာလဲ"

"မောင်က ဘာပြောမိလို့လဲ၊ မောင့်အသက်ပဲ ရှက်နေတာလေ"

"ဒါဆို အိပ်တော့မယ်"

ထယ်ယောင်းမှာ ရှက်ရှက်နဲ့ ဂျောင်ဂုရင်ခွင်ထဲက ရုန်းထွက်ကာ အိပ်ရာ အလယ်တည့်တည့်ကို တိုးသွားပြီး စောင်‌ကို ခေါင်းမြီးခြုံကာ အိပ်သွားတော့သည်။

ထယ်ယောင်းအပြုအမူလေးကို ကြည့်ပြီး ဂျောင်ဂု အသံထွက်သည်အထိရယ်မိပြီး ထယ်ယောင်းဘေးတွင် ဝင်လှဲကာ စောင်အလုံးလိုက်လေးကို ရင်ခွင်ထဲ ထည့်လိုက်သည်။

"ဒါဆိုလည်း ဒီတိုင်းပဲ အိပ်ကြတာပေါ့"

"ခ..ခဏလေးး အသက်ရှူကြပ်နေပြီ"

Love In The Woods [Completed]Where stories live. Discover now