🌳Fifteen🌳

8.4K 1.1K 70
                                    

(Unicode)

"ငါက သစ္စာဖောက်နဲ့တူတယ်"

ရုတ်တရက်ထွက်လာသော ဂျုံးဂုအသံကြောင့် ဂျောင်ဂု ခေါင်းထောင်လာသည်။

"ငါက တောင်ပိုင်းရဲ့ စစ်သူကြီးပါ ဒါပေမဲ့ မြောက်ပိုင်းက Alpha နဲ့ Beta ကို အိမ်မှာ ဝှက်ထားရတယ်"

ထိုစကားကြောင့် ဂျောင်ဂု အနည်းငယ်ပြုံးလိုက်မိသည်။

"ကျေးဇူးတင်ပါတယ် စစ်သူကြီး၊ ကျွန်တော် ကျေးဇူးမမေ့ပါဘူး"

ဂျုံးဂုက ဂျောင်ဂုစကားကို ခေါင်းတစ်ချက်ငြိမ့်ပြရင်းသာ တုန့်ပြန်ပြီး ဂျောင်ဂုရင်ခွင်ထဲတွင် အိပ်မောကျနေသော ထယ်ယောင်းအား မသိမသာလေး ကြည့်လိုက်သည်။ ဂျောင်ဂုနားမှာ သက်တောင့်သက်သာ ဖြစ်နေပုံပဲ။

ဂျီဟိုကတော့ အိမ်ထဲဝင်သွားပြီ ဖြစ်ပြီး ဂွမ်ဆူကတော့ မလှမ်းမကမ်းက ခုံတွင် ငြိမ်သက်စွာထိုင်နေလျက်။ ဂျုံးဂုနဲ့ ဂျောင်ဂုကြားထဲတွင် စိမ်းသက်သက် လေပြေကသာ တိုးဝှေ့နေသယောင်။ မတည့်တဲ့ တိုင်းပြည်နှစ်ခု ဖြစ်သည့်အပြင် ယောက်ဖလောင်းလည်း ဖြစ်နေတော့ ပိုဆိုးသည်။

တိတ်ဆိတ်လွန်း၍ အိပ်ပျော်နေသော ထယ်ယောင်း၏ အသက်ရှူသံ မှန်မှန်လေးကိုပင် အတိုင်းသား ကြားနေရသည်။

ဂျောင်ဂုလည်း ရင်ခွင်ထဲမှ Omega ပေါက်အား ကြည့်ကာ အသာပြုံးရင်း မျက်နှာလှလှလေးကို ဖုံးနေတဲ့ အညိုရောင်ဆံပင်လေးများကို ခပ်ဖွဖွသပ်တင်ပေးလိုက်သည်။

ထိုအချိန်မှာပဲ ခြံထဲသို့ ဝင်လာသော အရိပ်နှစ်ခု။ ဂျုံးဂုက ချက်ချင်း မတ်တတ်ထရပ်ကာ တံခါးပေါက်ဆီ သွားလိုက်သည်။ တံခါးဆီသို့ မရောက်ခင်မှာပဲ လူရိပ်နှစ်ခုဟာ အိမ်ထဲ ဝင်လာသည်။

ဂန်ထယ်ဟွန်းနဲ့ အတူ ကောင်လေးတစ်ယောက်။ ထိုကောင်လေးက Omega လေးပင်။ ထယ်ဟွန်းက ထို Omega လေးအား ဂျုံးဂုရှေ့သို့ တွန်းပို့လိုက်ပြီး

"တောစပ်မှာ မြောက်ဘက်က Omega တစ်ယောက် ဖမ်းမိထားပါတယ် စစ်သူကြီးကင်"

ထယ်ဟွန်းစကားအဆုံး ဘောမ်ဂယူမှာ ချက်ချင်း ဂျုံးဂုရှေ့ ဒူးထောက်ထိုင်ချလိုက်ကာ လက်အုပ်လေးချီရင်း

Love In The Woods [Completed]Where stories live. Discover now