Extra - 2

3.7K 437 20
                                    

(Unicode)

ညမှောင်အတိကျ၍ လမင်းကြီးက ကောင်းကင်ထက်ဝယ် ထိန်လင်းနေသည်။ လပြည့်ညဖြစ်သည်။

ဂျောင်ဂုမှာ အခုမှ နန်းတွင်းကိစ္စ‌တွေနဲ့ အနားရပြီး မောပန်းနွမ်းနယ်မှု အပြည့်နှင့် တောစပ်ရှိ နန်းဆောင်ဆီသို့ ဦးတည်လာခဲ့သည်။ ပင်ပန်းနေသော်လည်း ထယ်ယောင်းနဲ့ သားဖြစ်သူအား တွေ့ချင်သည့်စိတ်က ဆောင်နေသည်မို့ ခြေလှမ်းများအား အရှိန်မြှင့်လိုက်သည်။

တံခါးဝက အစောင့်များက ဂျောင်ဂုကိုတွေ့တာနဲ့ ဦးညွှတ်ကာ အရိုအသေပေးကြသည်။ ဂျောင်ဂုကတော့ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး အထဲသို့သာ သွက်သွက်ဝင်လာခဲ့သည်။

မိမိနဲ့ ထယ်ယောင်း၏ အခန်းထဲသို့ အရင်မဝင်ဘဲ သားဖြစ်သူ ထယ်ဂု၏ အခန်းဆီသို့ အရင်ဦးတည်လိုက်သည်။ အကြောင်းက ထယ်ယောင်းကလည်း ထိုထဲတွင် ရှိနေနိုင်သည်မို့။

ပြေးကြည့်တာထက် တွေးကြည့်တာက ပိုမှန်သည်ဆိုတဲ့အတိုင်း ထယ်ဂု၏ အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ ထယ်ဂုလေးက အိပ်ရာထက်တွင် မျက်လုံးများ မှိတ်၍ အိပ်စက်နေပြီး ထယ်ယောင်းက အိပ်ရာ‌ပေါ်တွင် ဘေးစောင်းထိုင်နေပြီး အိပ်ရာဝင်တေးလေး ညည်းနေသည်။

ဂျောင်ဂုက အသံမထွက်စေဘဲ အနားသို့ တဖြည်းဖြည်းကပ်လာရာ ထယ်ယောင်းက ချက်ချင်းရိပ်မိပြီး လှည့်ကြည့်လာသည်။ ဂျောင်ဂုကို တွေ့တော့မှ မျက်နှာထက်ဝယ် အပြုံးလေး ဖြစ်တည်သွားသည်။

ထိုအချိန် ထယ်ဂုကလည်း အိပ်ချင်မူးတူးနဲ့ မျက်လုံးလေး မှေးနေသေးသည်မို့ ဂျောင်ဂုကို မြင်တော့ အသဲအသန်ကုန်းထလာသည်။

"သားလေးက အိပ်‌ရမယ်လေ၊ ဘာလို့ပြန်ထလာတာလဲ"

ထယ်ယောင်းက ထယ်ဂု၏ ဆံပင်လေးကို အသာသပ်တင်ပေးရင်း ပြောတော့ ထယ်ဂုက တခစ်ခစ်ရယ်ပြလာသည်။ ပြီးမှ ဂျောင်ဂုဆီသို့ လက်နှစ်ဖက်ကို ဆန့်တန်းပြလာသည်။ သူ့အဖေ ဘုရင်ကြီးအား ချီခိုင်းနေသည့် အမူအရာပင်။

ဂျောင်ဂုလည်း တစ်ချက်မငြင်းဘဲ ထယ်ဂုလေး၏ ကိုယ်လုံးလေးကို စွေ့ခနဲ ပွေ့ချီလိုက်ရာ ကလေးက အိပ်ချင်နေဆဲမို့ ဂျောင်ဂု ရင်ဘတ်ကျယ်ကြီးကို မှီတွယ်လာသည်။

Love In The Woods [Completed]Where stories live. Discover now