🌳Nineteen🌳

9.6K 1.1K 36
                                    

(Unicode)

မှောင်မဲနေတဲ့ ကောင်းကင်ကြီးဟာ အပြာရောင် ခပ်‌ဖျော့ဖျော့ သမ်းလာသည်။ သို့သော် အခုချိန်ထိ လရောင်အောက်က ခန္ဓာကိုယ်ငယ်လေးမှာ ဂျောင်ဂုနဲ့အတူ စည်းချက်ညီစွာ လှုပ်ရှားနေဆဲ။

အနေအထားမျိုးစုံနဲ့ အချစ်တွေ ပြုလုပ်ခဲ့ပြီးပြီ။ ဒါဟာ ပထမဆုံး အကြိမ်ဆိုတာ ယုံဖို့ခက်လောက်အောင်ပင် ဂျောင်ဂုက သိပ်ကို ဆွဲခေါ်အား ပြင်းသည်။

ငှက်‌ကလေးတွေရဲ့ အသံကြားမှ ပတ်ဝန်းကျင်အား သတိပြုမိပြီး ဂျောင်ဂုလည်း ထယ်ယောင်းအား အနားပေးလိုက်တော့သည်။ Alpha က Omega ၏ သွေးသားကို သိပ်တောင့်တသွားသည်ထင်၊ ည‌လုံးပေါက် သောင်းကျန်းမိသည်။

ထယ်ယောင်းမှာတော့ မျက်လုံးလေး မှေး‌စင်းကာ အားနည်းနေဟန်။ အဲ့တော့မှ ဂျောင်ဂုမှာ ထယ်ယောင်းကိုယ်လုံးလေးအား အသာပွေ့ချီပြီး ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ ထယ်ယောင်းကလည်း ဘယ်လောက်တောင် ပင်ပန်းနေလဲမသိ၊ ဂျောင်ဂု ရင်ဘတ်ကျယ်ကြီးကို ခေါင်းလေးအသာမှီကာ မျက်လုံးလေးမှိတ်ထားသည်။

"မောင်နဲ့ ထယ်နဲ့က mate တွေဖြစ်သွားပြီနော် ဟီး"

ရင်ခွင်ထဲကနေ လေသံခပ်တိုးတိုးနဲ့ ဆိုလာပြီး ပြုံးပြနေသော Omega ။ ဂျောင်ဂုလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြီး ထယ်ယောင်း၏ နဖူးလေးကို တစ်ချက်နမ်းလိုက်သည်။

"ချစ်တယ် အများကြီး"

ဂျောင်ဂုစကားကို ထယ်ယောင်းက ပြုံးရုံသာ ပြုံးပြပြီး မျက်လုံးလေးမှိတ်ကာ အနားယူနေတော့သည်။

အခုဆို မြောက်ဘက်ရော တောင်ဘက်ရော ဘာတွေဖြစ်နေပြီလဲ မသိရ။ သိချင်စိတ်လည်း မရှိသေး။ ထယ်ယောင်းကို ပိုင်ဆိုင်ရတာကိုသာ တွေးပြီး ရင်ထဲဝယ် တလှပ်လှပ်နဲ့ အပျော်လှိုင်းများ ဖြတ်ပြေးနေသည်။

သို့သော်လည်း ဒီမှာ ကြာကြာဆက်နေ နေလို့ မဖြစ်တာကြောင့် အိပ်ပျော်နေသော ထယ်ယောင်းကို အဝတ်ပြန်ဝတ်ပေးကာ ကိုယ်တိုင်လည်း အဝတ်အမြန်ဝတ်လိုက်သည်။ ထယ်ယောင်းကတော့ အရမ်းကို ပင်ပန်းသွားဟန်၊ အိပ်ပျော်သွားတာများ နိုးပင်မနိုး။

Love In The Woods [Completed]Where stories live. Discover now