🌳Six🌳

10.6K 1.6K 176
                                    

(Unicode)

အကျဉ်းထောင်ထဲဝယ် ဆူညံသံများကြား ဂျောင်ဂုဆီက အခေါ်အဝေါ်ကြောင့် ထယ်ယောင်းရဲ့ နှလုံးခုန်သံတွေ သိသိသာသာ မြင်လာသည်ထင်။

ဂျောင်ဂုကမူ မျက်လုံးကို မှိတ်ရင်း ထယ်ယောင်းလက်လေးကို ဆုပ်ကိုင်လျက်နှင့်ပင်။ အချိန်ဆွဲနေလို့ မဖြစ်တာကြောင့် ထယ်ယောင်းမှာ ဂျောင်ဂုကို ဆွဲထူရင်း

"ဂျောင်ဂု၊ အစောင့်တွေ နိုးမလာခင် သွားမှဖြစ်မယ်"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုမှာ မျက်လုံးလေး ပြန်ပွင့်လာပြီး မတ်တတ်ထရပ်သည်။ ထယ်ယောင်း ဦးဆောင်ကာ အကျဉ်းထောင်ထဲမှ ထွက်လာတော့ အပေါက်ဝတွင်ပင် သတိလစ်နေသော အစောင့်နှစ်ဦး။

ထယ်ယောင်း လက်ချက်မှန်း သိတာကြောင့် ဂျောင်ဂုမှာ ပါးစပ်အဟောင်းသား ဖြစ်ရုံမှတစ်ပါး။

နှစ်ယောက်သား နန်းဆောင်တစ်ခုကို ကွယ်၍ ထယ်ယောင်းက လူအရိပ်အခြေကြည့်နေသည်။ ဂျောင်ဂုမှာ သူ့ရှေ့က Omega ၏ နားနားအသာကပ်ရင်း

"ထယ်၊ မင်းတကယ် ငါနဲ့အတူ ထွက်ပြေးမလို့တော့ မဟုတ်ဘူးမလား"

ဂျောင်ဂုရဲ့ အသံတိုးတိုးကြောင့် ထယ်ယောင်းက နောက်ပြန်လှည့်လာပြီး ဂျောင်ဂုနဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"ကျွန်တော်က အစောင့်တွေကို ကိုယ်ထိလက်ရောက်လုပ်ပြီး ဖမ်းထား‌တဲ့သူကို ဘုရင်မ အမိန့်မပါဘဲ လွှတ်ပေးလိုက်ပြီလေ၊ ကျွန်တော်က ဒီမှာနေလို့ မဖြစ်တော့ဘူး"

"ဘာလို့လဲ၊ ဘာလို့ ငါ့ကို လွှတ်ပေးရတာလဲ"

"ကျွန်တော့်ကို အများကြီး အကူအညီပေးထားတယ်မလား၊ ကျွန်တော်ကလည်း ပြန်ကူညီရမှာပေါ့"

ထယ်ယောင်းစကားဆုံးတာနဲ့ ဂျောင်ဂုရဲ့ နှုတ်ခမ်း‌တွင် အပြုံးတစ်ခု အလိုအလျောက် ချိတ်ဆွဲမိလျက်သား ဖြစ်သွားရသည်။

"ဟေ့ မင်းတို့ ဘယ်သူတွေလဲ"

အသံကျယ်ကျယ်တစ်ခုနဲ့အတူ လူသုံးယောက်ခန့်ရောက်လာပြီး လှံတွေနဲ့ ထိုးချိန်ထား‌တာကြောင့် ထယ်ယောင်းမှာ ရုတ်တရက်လန့်သွားရသည်။ သို့သော် ဂျောင်ဂုက ချက်ချင်း အရှေ့က တစ်ယောက်ရဲ့ လက်ကို ဖြတ်ကန်လိုက်ရာ ထိုလူရဲ့ လက်ထဲမှ လှံက မြေပြင်ပေါ်ကျ၏။

Love In The Woods [Completed]Where stories live. Discover now