🌳Three🌳

11.1K 1.5K 168
                                    

(Unicode)

မြောက်ဘက်ရှီယန်း။
စစဝင်ချင်းမှာပဲ Alpha Pheromone တွေက လေထဲတွင် ပျံ့နှံ့နေသည်။ မြောက်ဘက်က သူတွေက Omega တွေကို ကလေးမွေးစေဖို့ သက်သက်သာ ဆက်ဆံကြပြီး အလေးမထားကြ။ ဒါကြောင့် မြောက်ဘက်‌တွင် Female Omega အနည်းငယ်သာ ရှိပြီး Male Omega ဟူ၍မရှိ။

Alpha တွေက ruts ဝင်ရင် ထိန်းထိန်းသိမ်းသိမ်းနေသူကနည်းပြီး တိုင်းပြည်ထဲရှိ Omega များနဲ့ အိပ်တတ်ကြသေးသည်။

ဂျောင်ဂု ဒီအချက်ကို သဘောမကျသော်လည်း ဖခင်ဖြစ်သူ တစ်နည်းအားဖြင့် ဘုရင်ဖြစ်သူ၏ အမိန့်မို့ လွန်ဆန်၍ မရပေ။ ဘုရင်က မြောက်ဘက်ရှီယန်းကို အင်အားတောင့်တင်းနေစေရန် ရည်ရွယ်ချက်ဖြင့် Alpha များနဲ့ Beta များကိုသာ လူဦးရေ တိုးပွားစေသည်။ အသုံးမဝင်တော့တဲ့ Omega များကို တိုင်းပြည်မှ နှင်ထုတ်သည်။

ရှီယန်းထဲ ဂျောင်ဂု ဝင်လာတာနဲ့ လမ်းတွင်ရှိသော အရပ်သားများက ဦးညွှတ်ကာ အရိုအသေပေးကြသည်။

"မင်းသား"

ခပ်လှမ်းလှမ်းက လူတစ်ယောက်က ပါးစပ်ကလည်း အော်ခေါ်ရင်း အနားသို့ ပြေးလာသည်။ ဂျောင်ဂုနားရောက်မှ ခေါင်းငုံ့ကာ အရိုအသေပေးပြီး

"မင်းသား အခုချိန်ထိ ပြန်မလာလို့ မင်းကြီးက စိတ်ပူပြီး လူလွှတ်ရှာဖို့တောင် ပြင်ဆင်နေပါပြီ၊ အမြန်ဆုံး နန်းတော်ကို ပြန်မှဖြစ်ပါမယ်"

"အခု ပြန်နေတာပဲ"

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ရှေ့က ဆက်လျှောက်နေတော့ ထိုလူလည်း ဘာမှ ပြန်မပြောတော့ဘဲ ဂျောင်ဂုနောက်က လိုက်သည်။

"အထိန်း‌တော်ကြီး"

"အမိန့်ရှိပါ"

"ဓားကောင်းကောင်းလေး တစ်လက်လောက် အမြန်ရနိုင်မလား"

ဂျောင်ဂုစကားကြောင့် အထိန်းတော်ကြီးက ကြောင်တောင်တောင်ဖြစ်သွားဟန်နဲ့

"ဓားလား၊ မင်းသားက ဓားပြန်ကိုင်ချင်လို့လား၊ ကျွန်တော်တို့ဆီမှာ သေနတ်တွေ ရှိနေပြီပဲ"

"စကားများတာရပ်ပြီး မြန်မြန်လေး လုပ်ပေးပါ"

"အမိန့်တော်အတိုင်းပါ"

Love In The Woods [Completed]Where stories live. Discover now