"မောင့်သားကို ဒီည သိပ်ရခက်နေတော့ ဘာကြောင့်လဲလို့ တွေးနေတာ၊ လတ်စသတ်တော့ မောင့်ကို ချွဲဖို့စောင့်နေတာကို"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုပြုံးမိသည်။ သူ့ကို မအိပ်သေးဘဲ ‌စောင့်နေတဲ့ သားဖြစ်သူကြောင့် ဂျောင်ဂုရင်ထဲ ပီတိလှိုင်းများ ဖြစ်ပွားနေလျက်။

"သားက အဖေ့ကို လွမ်းနေတာလား၊ ဟုတ်လား"

ဂျောင်ဂု၏ ခပ်တိုးတိုးမေးခွန်းကို ထယ်ဂုက ခေါင်းလေး ငြိမ့်ပြရင်း အဖြေပေးသည်။ ခဏကြာမှ တဖြည်းဖြည်း ထယ်ဂုလေးက ဂျောင်ဂုလက်မောင်းပေါ်တွင်ပင် မျက်လုံးလေး မှေးစင်းလာပြီး အသက်ရှူသံ ဖြည်းဖြည်းမှန်မှန်လေး ထွက်လာ‌တော့သည်။ အိပ်ပျော်သွားပြီ။

ထယ်ဂုက မျက်လုံး‌မှိတ်ထားသည့်အခါ ထယ်ယောင်းကဲ့သို့ ‌မျက်တောင်ရှည် အလှတရားများက ထင်းနေပြီး ‌မျက်လုံးဖွင့်ထားရင်တော့ ဂျောင်ဂုကဲ့သို့ မျက်လုံးဝိုင်းဝိုင်း ချစ်စရာကောင်းလှသည်။ ဖခင်နှစ်ယောက်၏ ကောင်းခြင်းတွေချည်း အမွေရထားသော ထယ်ဂုလေးက သိပ်ကံကောင်းပါသည်။

ထယ်ဂု အိပ်ပျော်သွားတာ သေချာမှ ဂျောင်ဂုလည်း လက်ထဲကနေ အိပ်ရာပေါ် ဖြည်းညင်းစွာ ချပေးလိုက်သည်။ ပြီးမှ စောင်လေး အသာခြုံပေးရင်း နဖူးလေးကို ခပ်ဖွဖွနမ်းလိုက်သည်။

ထယ်ဂု၏ နဖူးလေးကို နမ်းပြီးမှ ကိုယ်ကို ပြန်မတ်ကာ ဘေးတွင်ရပ်ကြည့်နေသော ထယ်ယောင်း၏ ပါးလေးကိုပါ ထပ်နမ်းလိုက်သည်။

ဂျောင်ဂု အပြုအမူကြောင့် ထယ်ယောင်းမှာ လန့်သွားဟန် မျက်လုံးလေး ဝိုင်းစက်သွားပြီး မော့ကြည့်လာသည်။ ဂျောင်ဂုကတော့ လန့်သွားသော Omega လေးအား ပြုံး၍သာ စိုက်ကြည့်နေလိုက်သည်။ ပြီးမှ ထယ်ယောင်းလက်လေးကို အသာဆုပ်ကိုင်ရင်း အိပ်ပျော်နေသော ထယ်ဂု၏ အခန်းထဲမှ ထွက်လာလိုက်တော့သည်။

"မောင့်အသက် အိပ်ချင်နေပြီလား"

"မအိပ်ချင်သေးပါဘူး၊ ဘာလို့လဲ"

"ဒါဆို မောင်နဲ့အတူ ညဈေးတန်း ပတ်ကြည့်ကြမလား"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမျက်နှာလေးက ပျော်မြူးသွားသည့်ဟန် မျက်လုံးလေးများကလည်း အရောင်တောက်လာသည်။

Love In The Woods [Completed]Where stories live. Discover now