အပိုင်း ၉၉

Start from the beginning
                                    

"ပေပေ နင် ဆုကြီး ရပြီ!"

စုန့်ကျားရန် ရှော့ရနေရာကနေ သူမ အသိပြန်ဝင်လာပြီး ချက်ချင်း ရှရှီပေကို ဖက်လာ ပျော်ရွှင်မှုဖြင့် ခုန်ကြွနေတယ်။

"နင် အရမ်း ကံကောင်းတာဘဲ! ကားနော်!"

ဒါပေါ့ စုန့်ကျားရန်တို့ အိမ်မှာ ကားရှိတာပေါ့ ဒါပေမယ့် ဆုမဲကနေ အနိုင်ရလာတဲ့ ကားနဲ့က လုံးဝ မတူဘူးလေ။

ရှရှီပေ ဆုနိုင်တာကို တွေ့တော့ စုန့်ကျားရန် သူမ နိုင်သလိုမျိုး အရမ်း စိတ်လှုပ်ရှားနေတယ်။

"မြန်မြန် ကျွန်မတို့ ဆု ထုတ်ချင်တယ်!"

စိတ်လှုပ်ရှားမှုဖြင့် စုန့်ကျားရန် ချက်ချင်း ဝန်ထမ်းဘက်ကို လှည့်ပြီး ဆုကို ထုတ်ပေးဖို့ ပြောလိုက်တယ်။

"စောင့်ပါဦး!" ဝန်ထမ်းက အသိပြန်ဝင်လာတော့ သူ ရုတ်တရက် ထခုန်လိုက်ကာ ပြောလိုက်တယ်။ "ကျွန်တော် မန်နေဂျာကို အရင်တင်ပြရဦးမယ်!"

သူပြောပြီးတာနဲ့ ပြေးသွားတော့တယ်။

သူတို့နားက လူတွေက အရမ်း စိတ်လှုပ်ရှားနေတုန်းဘဲ။

သူတို့က ဆုရတဲ့သူမဟုတ်ကြပေမယ့်လည်း ဆုကို သူတို့ရှေ့တင် နှိုက်သွားတာဘဲ။ အဓိပ္ပာယ်က ကွာခြားလွန်းတယ်။

"ကောင်းတယ်! အရမ်းကောင်းတယ်!" စုန့်ကျားရန် အရမ်းစိတ်လှုပ်ရှားနေပြီး ခုန်ဆွနေကာ" ငါ့မှာသာ နင့်လို ကံရှိရင် ကောင်းမှာဘဲ!"

တုန့်ပြန်စွာဖြင့် ရှရှီပေ ဘာမှမပြောဘဲ ပြုံးလိုက်တယ်။

ခဏအကြာ ဝန်ထမ်းက သက်လတ်အရွယ် ယောက်ျားနှင့်အတူ အပြေးလာနေတယ်။

‌ထိုယောက်ျားက ပြေးလို့ အသက်ရှူရပ်မတက် ဖြစ်နေပြီး အသက်ဝအောင်မရှူနိုင်သေးခင် သူ ရှရှီပေ လက်ထဲက စာရွက်ကို ဆွဲယူလိုက်တယ်။

သူက အရမ်း စိတ်လှုပ်ရှားနေပြီး အားများများ သုံးလိုက်တယ်။

ရှရှီပေသာ စာရွက်ကို မြန်မြန် မလွှတ်လိုက်ရင် စာရွက်က ပြဲသွားတော့မှာ။

စာရွက်ပေါ်ရေးထားတဲ့ စာကို ဖတ်ပြီး သူ့နှလုံးခုန်သံက တစ်စက္ကန့်လောက်ရပ်သွားတယ်။ "မင်း...မင်းဒါကို တကယ် နှိုက်ခဲ့တာလား?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now