အပိုင်း ၉၇

Start from the beginning
                                    

စည်းကမ်းရေးဆရာ ခေါင်းငြိမ့်ပြီး အေးစက်စွာ ပြောလိုက်တယ်။ "ငါ ဘာလုပ်ရမလဲ ငါသိတယ်"

ရှရှီပေ ပခုံးတွန့်လိုက်တယ်။

"ဆရာ သမီး ဒီကိစ္စကို ဆရာကို အပ်ထားခဲ့မယ် သမီးမှာ လုပ်စရာတွေရှိသေးတာကြောင့် သမီးကို ခွင့်ပြုပါဦး"

ရှချင်းဟန် ခဏတာလောက် စွံ့အသွားတယ်။ သူမ ရှရှီပေ အခွင့်အရေးကို အသုံးမချဘူးဆိုတာ မထင်ထားဘူး။ 

သူမထင်တာက ရှရှီပေ သူမကို လုံးဝ လွှတ်ပေးမယ်လို့ ထင်မထားဘူး။

သူမရဲ့ စိတ်ရှုပ်နေတဲ့ မျက်လုံးတွေနဲ့ တွေ့တော့ ရှရှီပေ တောက်ပစွာ ပြုံးလိုက်တယ်။

ရှချင်းဟန် မီးပူလောင်ခံရသကဲ့သို့ ဟိုဘက်ကို ချက်ချင်း လှည့်သွားတယ်။

သူမရဲ့ အပြစ်ရှိပုံပေါ်တဲ့ အကြည့်ကို မြင်တော့ ရှရှီပေ တစ်ခါ ပြုံးလိုက်ပြန်တယ်။

ဒါပေါ့ သူမ ရှချင်းဟန် ဘာတွေးနေလဲသိတာပေါ့။

သူမ နောက်ဆုံး ရလဒ်ကို သိလို့သာ။

သူတို့ ကျင်ယာကျန်းထိ ဒီကိစ္စထဲ ပါအောင် ထည့်မှတော့ သူတို့ သက်သေမကျန်အောင် လုပ်ကြမှာပေါ့။

ဒါကြောင့် ကျင်ယာကျန်း သူတို့ရဲ့ မကောင်းတာတွေကို ဖော်ချင်ရင်တောင် အဓိပ္ပာယ်မရှိဘူး။

သူတို့က သူတို့ကိုယ်သူတို့ ပြန်ပြီး မခုခံတတ်တဲ့ အရူးတွေမှမဟုတ်တာ။

အဲ့အချိန်ကျလို့ ရှင်ရင် မပြီးဆုံးနိုင်တဲ့ စကားများမှုတွေ စလာတော့မှာ။

သူတို့ စကားများပြီးရင်တောင် ရလဒ်က ပြောင်းလဲမှာ မဟုတ်ဘူး။

ဘာဘဲ ဖြစ်နေဖြစ်နေ နောက်ဆုံးရလဒ်က ကျင်ယာကျန်း ပြစ်မှုတစ်ခုတိုးပြီး ရှချင်းဟန်တဲ့ သုံးယောက်လုံးကတော့ ဘာမှ ဖြစ်မှာမဟုတ်ဘူး။

ဒါပေမယ့် ရှရှီပေ သူတို့ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။

ပြောရရင် သူတို့ အပြစ်ပေးခံရရ မခံရရ ဒီကိစ္စကို ဖျောက်ဖျက်ပစ်လို့မှ မရတော့တာ။

သူတို့ကြားက ရန်ငြှိုးက စလိုက်ပြီးနေပြီ သူတို့အပေါ် ဘာလို့ အချိန်ကုန်ခံနေတော့မှာလဲ?

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now