အပိုင်း ၉၆

Start from the beginning
                                    

ရှရှီပေ မျက်နှာက မုန်တိုင်းအပြင်းအထန်က နောက်တစ်စက္ကန့်အတွင်း တိုက်တော့မည့်ပုံလို မည်းမှောင်နေတယ်။

"ငါ့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်လို့ နင်ထင်နေလား?" သူမ အရှေ့တိုးကာ ကျင်ယာကျန်းကို ချဉ်းကပ်လိုက်ပုံမှာ ခြိမ်းခြောက်သည့်ပုံဖြစ်နေတယ်။ "နင် တစ်ခုခုခိုးတိုင်း ငါ့ကို စွပ်စွဲပြီး ငါခိုးတယ်ပြောတယ် ခုနက ကိစ္စကိုတော့ ထားလိုက်ပါတော့ ငါ ဒါတွေကို သည်းခံပြီး နင်နဲ့ တန်းမညှိဘူး ဒါပေမယ့် နင် ငါ့ကို အခုထိ သပုပ်လေလွင့်ပြောနေသေးတုန်းဘဲ!"

ဘွန်း!

အသံကျယ်ကျယ်ထွက်လာပြီး အကုန်လုံးကို နှလုံးခုန်နှုန်းကို မြန်သွားစေတယ်။

အသံလာရာကြည့်လိုက်တော့ အကုန်လုံး ပင့်သက်ရှိုက်ကုန်ကြတယ်။

ရှရှီပေ စားပွဲခုံကို အောက်‌ကျအောင် ကန်လိုက်တော့ စားပွဲခုံပေါ်တင်ထားတဲ့ စာအုပ်အကုန်လုံးက အခုတော့ ကြမ်းပြင်ပေါ် ပျံ့ကြဲကုန်တယ်။

ဒါက ဘယ်လိုအားမျိုးလဲ?!

"ကျောင်းသူ ရှ!" စည်းကမ်းရေးဆရာရဲ့ အမူအရာက ပြောင်းသွားတယ်။

ရှရှီပေ မျက်နှာနီရဲသွားတယ်။ သူမ အသက်ပျင်းပျင်းရှူပြီး သူမ ရင်ဘတ်က ဒေါသတွေကို ထိန်းထားသလို လေးလံနေတယ်။

သူမ ကျင်ယာကျန်းကို လက်ညှိုးထိုးလိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်။ "ကျင်ယာကျန်း သေချာနားထောင် ငါ့ကို တွန်းအားမပေးနဲ့ မဟုတ်ရင် ငါ့ကို ရိုင်းတဲ့ အတွက် အပြစ်မတင်နဲ့ နောက်တစ်ခါ ကန်ချက်က စားပွဲပေါ်မဟုတ်ဘဲ နင့်အပေါ် ကျသွားလိမ့်မယ်!"

သူမ ပြောပြီးတော့ အကုန်လုံးကို ကြည့်လိုက်တယ်။

"တောင်းပန်ပါတယ် ငါ ထိန်းမထားနိုင်လိုက်ဘူး"

အကုန်လုံး မြန်မြန်ခေါင်းရမ်းပြလိုက်တယ်။ သူတို့ သူမက ဒေါသကို ကောင်းကောင်းထိန်းနိုင်တယ်လို့တောင် ခံစားရတယ်။

သူတို့သာ ခဏခဏ စွပ်စွဲခံနေရရင် ပြီးတော့ သက်သေကြီး ထွက်လာတာတောင် စွပ်စွဲခံနေရတုန်းဘဲဆိုရင် သူတို့ ကျင်ယာကျန်း‌အပေါ် လက်စားချေချင်စိတ်ကို ထိန်းနိုင်မှာမဟုတ်ဘူး!

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now