အပိုင်း ၉၅

Start from the beginning
                                    

"တစ်ကျောင်းလုံးရှေ့မှာတောင်းပန်ရမယ်!" ရှရှီပေ ထည့်ပြောလိုက်တယ်။

"ဟုတ်တယ်" စည်းကမ်းရေးဆရာ ခေါင်းငြိမ့်လိုက်တယ်။ "မနက်ဖြန်မနက် မင်းတို့ တောင်းပန်စာရေးပြီး တစ်ကျောင်းလုံးအရှေ့ဖတ်ပြရမယ်"

ဒီစကားတွေထွက်လာတော့ ရှချင်းဟန်အပါအဝင် ကောင်မလေး သုံးယောက်လုံးမျက်နှာက ဖျော့တော့သွားတယ်။

"ဆရာ!"

"ဘာလို့လဲ? နင် ဝန်မခံဘူးလား?" ရှရှီပေ အပြုံးလေးနဲ့ ပြောလိုက်တယ်။ "နင်တို့ ငါ့ကို သူခိုးထင်ကြတုန်းက ငါ့ကို ကျောင်းထုတ်ပစ်ချင်နေကြတာ! အခု ငါက နင်တို့ကို တောင်းပန်ခိုင်းရုံလေးတင် ဘာလဲ မလုပ်နိုင်ဘူးလား?"

ရှရှီပေ ပြောတာကြားပြီး အကုန်လုံး ခုနကဖြစ်သွားတာကို တွေးလိုက်တယ်။

သူတို့သုံးယောက်လုံး အရမ်းစိတ်လှူပ်ရှားနေကြပြီး ရှရှီပေကို ကျောင်းထုတ်ချင်နေကြတာ။

ဘယ်သူကမှ ပြောင်းပြန်တွေ ဖြစ်လာမယ်ထင်မထားဘူး။

"ငါ...ငါ..."

ရှချင်းဟန် နှုတ်ခမ်းတွေကို ကိုက်လွန်းလို့ ဖြူတောင် ဖြူကုန်တယ်။ အရှက်ကွဲတာဘဲ!

တစ်ကျောင်းလုံးရှေ့မှာသာ သူမ တောင်းပန်ရရင် သူမမှာ မျက်နှာရစရာရှိတော့မှာ မဟုတ်ဘူးမလား? သူမက ကျောင်းအလှလေးလေ! ဒီကိစ္စပြီးရင် သူမ အဟားခံရတော့မှာ!

ဒါပေမယ့် သူမ ဘယ်လိုဘဲ မလုပ်ချင်မလုပ်ချင် သူမ လက်တွေ့ကို ရင်ဆိုင်ရမှာဘဲလေ။

"ဟုတ်ပြီ!" သူမ အံကြိတ်ပြီး ခေါင်းငြိမ့်လိုက်တယ်။

"နင်တို့ကရော?" ပြီး‌ေတာ့ ရှရှီပေ လျိုကျီကျင်း ထောင်ယွယ်ယင်းကို ကြည့်လိုက်တယ်။

လျိုကျီကျင်း အံ့အားသင့်ပြီး မယုံကြည်နိုင်အောင်ဖြစ်သွားတယ်။

သူမ ဒါကြီးကို မယုံချင်ဘူး!

သူတို့အကုန်လုံးကို သေသေချာချာ စီစဉ်ပြီးသားကြီးကို ဘယ်လိုကြီး ထွက်လာတာလဲ?!

"ရှချင်းဟန်က သဘောတူပြီးသွားပြီ နင်တို့ မလုပ်ချင်ဘူးလား?" ရှရှီပေ တိုက်တွန်းလိုက်တယ်။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now