အပိုင်း ၉၄

Start from the beginning
                                    

လက်ရာမြောက်ပြီး လှပတဲ့ ကြယ်ပွင့်လေးက အလယ်ကနေ နှစ်ခြမ်းကွဲသွားပြီး အပြင်က အဖြူရောင်ဖြစ်တာ အထဲမှာ ဝါနေတယ်။ အဝါရောင်တွေက မှိန်နေတာကြောင့် ဒါက ရွှေမဟုတ် ငွေမဟုတ်ဘဲနဲ့ တန်ကြေးမရှိတဲ့ ကြေးမဟုတ်ရင် သံဘဲဆိုတာသိလိုက်တယ်။

ရှရှီပေ တစ်ရှူးစကိုလည်း ဆွဲယူလိုက်ပြီး ဟန်းချိန်ကို နာနာသုတ်လိုက်တယ်။

လက်ကောက်ပေါ်က အဖြူရောင်က အဝါရောင် ပြောင်းသွားတာကို အကုန်လုံး သေသေချာချာမြင်လိုက်ရတယ်။

အကုန်လုံးက ရှရှီပေရဲ့ လှုပ်ရှားမှုတွေကို ငြိမ်သက်စွာကြည့်နေပြီး စကားလုံးတို့ ပျောက်ရှကုန်တယ်။

"ဘယ်လိုလဲ? အကုန်လုံးမြင်ရပြီလား?"

ရှရှီပေ လက်ကောက်ကို လုံးဝကြီး ဆွဲဖြဲလိုက်တာပြီး အကုန်လုံးကို ကြည့်လိုက်တယ်။ "ဒီလက်ကောက်ကို ယွမ်တစ်သောင်းကျော်နဲ့ ဝယ်ခဲ့တယ်ဆိုတာ သေချာလား?"

ယွမ်တစ်သောင်းကျော်တန်တဲ့ လက်ကောက်က ဒီလိုအရည်အသွေးမျိုးဆိုရင် ကာစတမ်မာတွေရဲ့ ကွန်ပလိန်း‌ေတွက ကျောက်မြတ်ကုမ္ပဏီကို ဖုံးသွားနိုင်တယ်မလား?!

ထောင်ယွယ်ယင်းနဲ့ အခြားကောင်မလေးနှစ်ယောက်က မြင်ကွင်းကို ခြေဖျားလက်ဖျားများ အေးစက်စွာဖြင့် ကြည့်နေတယ်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!

ဒါပေမယ့် ဒီလက်ကောက်က သူမဟာ ဖြစ်သင့်တာလေ!

ရှရှီပေ စည်းကမ်းရေးဆရာကို ကြည့်လိုက်တယ်။ "ဆရာ ဒီလက်ကောက်က ယွမ်တစ်သောင်းတန်တယ်လို့ ဆရာထင်လား?"

"မဖြစ်နိုင်ဘူး ဒါက သံချိန်းကြိုးသာသာဘဲ" စည်းကမ်းရေးဆရာ ခေါင်းရမ်းလိုက်တယ်။

သူ ဒါတွေကို မဝတ်ခဲ့ဖူးရင်တောင် သူ့အိမ်က မိန်းမနဲ့သမီးအတွက် သူ ဒါတွေကို ဝယ်ပေးခဲ့ဖူးတယ်။ သူ ရွှေ၊ ငွေ၊ ကြေးနဲ့ သံကြားက ကွာခြားမှုကို သိတယ်။

တစ်ယောက်ယောက်က မနေနိုင်ဘဲ ပြောမိတယ်။ "ဒါ လက်ကောက်အစစ်မဟုတ်ဘူး လက်ကောက်မှာက ဟယ်ရွှမ်းယွီရဲ့ လက်မှတ်ပါတယ်!"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now