အပိုင်း ၉၁

Start from the beginning
                                    

စည်းကမ်းရေးဆရာတောင်မှ ကျင်ယာကျန်းနဲ့ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်ဆိုတာ သတိပြုမိလိုက်တယ်။

ရှချင်းဟန် နှလုံးတစ်ချက်ခုန်သွားပြီး ချက်ချင်းပင် တုန်လှုပ်သွားတယ်။ လက်ရှိအခြေအနေတွေက သူတို့ဘက်ကို မပါတော့ဘူး။

"ဆရာ ရပ်နားချိန်မဟုတ်ဘူး ပြဿနာက ဘာလိုလိုနဲ့ အဆုံးသတ်ကို ရောက်နေပြီမလား? သမီးတို့ ရဲကိုလည်း မတိုင်ချင်ဘူး သမီးတို့ ရဲတိုင်လိုက်ရင် ကိစ္စက အကြီးကြီးဖြစ်ကုန်လိမ့်မယ်"

သူမက အရမ်းရိုးသားပုံပေါ်နေတယ်။ "သမီးတို့ ဘာကိုမှ ရှာမတွေ့ရင် ရှရှီပေကို သမီးတို့ တောင်းပန်မယ်လို့ ကတိပေးပါတယ်"

"ဟုတ်တယ်" ထောင်ယွယ်ယင်းလည်း ခေါင်းငြိမ့်လိုက်တယ်။ "ဆရာ သမီးလည်း အိမ်က သမီး မိဘတွေကို ဘာမှ ရှင်းပြစရာမလိုဘဲ ပြန်ချင်တယ်!"

စည်းကမ်းရေးဆရာမျက်နှာက မျက်မှောင်ကြုံ့သွားတယ်။ အခြေအနေက တော်တော် ကရိကထများတာဘဲ။

"ရှရှီပေ ဒီလိုဆို ဘယ်လိုလဲ ဆရာတို့ မင်းလွယ်အိတ်ကို ကြည့်မယ် ဘာမှမတွေ့ဘူးဆိုရင် ဆရာ သူတို့ကို တောင်းပန်ခိုင်းမယ်" သူ ရှရှီပေကို ကြည့်လိုက်တယ်။

အခု စည်းကမ်း‌ေရးဆရာက ပြောနေပြီဆိုတော့ ရှရှီပေ အနည်းငယ် တွေဝေသွားတယ်။

ထန်လော် စကားဝင်ပြောလိုက်တယ်။

"‌ဆရာ ဒါက သင့်တော်တယ်လို့ ကျွန်တော် မထင်ဘူး"

ရှချင်းဟန်နဲ့ ကျန်တဲ့ နှစ်ယောက်က မနေနိုင်ဘဲ မျက်နှာရှစ်ခေါက်ချိုး ဖြစ်ကုန်တယ်။

ရှရှီပေတောင် စိတ်ပြောင်းတော့မယ့်ဟာကို သူက ဘာလုပ်ချင်နေသေးတာလဲ? သူ့အပူတစ်ပြားသားမှ မပါဘူး!

"သူတို့သာ လူတစ်ယောက်ကို သံသယဝင်တိုင်း သူများပစ္စည်းတွေကို ရှာနေမယ်ဆိုရင် ကျန်တဲ့သူတွေလည်း နောက်ကျ  သူတို့ဆီက အတုခိုးမှာ ကျွန်တော်စိုးရိမ်တယ် ဒါက ကျောင်းသိက္ခာကို ထိခိုက်စေတယ်"

စည်းကမ်းရေးဆရာလည်း ခေါင်းအလွန်ကိုက်ကုန်တယ်။ "ဒါဆို ငါတို့ ဘယ်လိုလုပ်သင့်တယ်လို့ မင်းထင်လဲ? ငါတို့ ရဲကို တကယ်ခေါ်ရမှာလား?"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now