အပိုင်း ၈၆

En başından başla
                                    

သူမ စကားပြောရင်း ငိုကြွေးလာပြန်တယ်။

"နင် သူမကို ကောင်းကောင်းဆက်ဆံတယ်လို့လည်း ငါကြားတယ်!" ထောင်ယွယ်ယင်းပါ ဝင်ပြောလာတယ်။

"ငါ သူမနဲ့ မျှသုံးခဲ့တာ ငါ သူမ ခိုးခဲ့တယ်ဆိုတဲ့ဟာတောင် ဖုံးပေးခဲ့တာ.....ဒါပေမယ့် ဘယ်သူသိမှာလဲ...."

"သူမ တစ်ခုခုခိုးခဲ့တာလား? သူမ ဘာခိုးတာလဲ?" တစ်ချို့ နားထောင်နေတဲ့သူထဲက အဲ့စကားကို ဖမ်းမိလိုက်ပြီး သူတို့ မျက်လုံးတွေက ပြူးကျယ်လာတယ်။ "သူမ ပစ္စတွေခိုးတာလား?"

"ဘာ...ဘာမှမဟုတ်ဘူး!" ကျင်ယာကျန်း သူမ မပြောသင့်တဲ့ လျို့ဝှက်ချက်တစ်ခုကို ပြောမိလိုက်တဲ့ပုံနဲ့ ပူပန်တဲ့ ရုပ်မျိုးပြလာပြီး ပါးစပ်ကို အုပ်လိုက်တယ်။ "ငါ...ငါ အဲ့တာ...အဲ့တာကို မပြောဘူးနော်!"

"သူမအတွက် ဖုံးပေးနေတာတွေရပ်တော့!" လျိုကျီကျင်း မှန်ကန်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။ "သူမက နင့်ကို ဒီလို ဆက်ဆံတာတောင် နင်က သူမအပေါ် ကောင်းနေတုန်းဘဲ! သူမက မတန်ဘူး!"

ကျင်ယာကျန်း စိတ်ဒုက္ခရောက်တဲ့ပုံစံနဲ့ ခေါင်းကို ငုံ့လိုက်တယ်။

ခဏနေတော့ သူမ တိုးတိုးလေး ပြောလိုက်တယ်။ "သူမ အရင်က ကျောက်မျက်ရတနာဆိုင်မှာ ဟန်းချိန်း‌ေတွခိုးဖူးတယ်....."

"ဟန်းချိန်းတွေ?!" ထောင်ယွယ်ယင်း ရှော့ရပြိး အော်လိုက်တယ်။ " သူမြ ဟန်းချိန်းတွေကြိုက်တာလား?!"

"ဟုတ်တယ်" ကျင်ယာကျန်း ခေါင်းငြိမ့်လိုက်တယ်။ "သူမက ကျောက်မျက်တွေကို သဘောကျတယ် ဒါပေမယ့် သူမ မဝယ်နိုင်ဘူး ငါ သူမကို အရင်တုန်းက လည်ဆွဲနည်းနည်းနဲ့ လက်ကောက်နည်းနည်းပေးဖူးတယ် ဒါပေမယ့် သူမ ကြိုက်တဲ့အရာကို တကယ်ကြီးခိုးလိမ့်မယ် မထင်ထားဘူး...."

ထောင်ယွယ်ယင်း ပင့်သက်ရှိုက်ပြီးနောက် ယုံကြည်မှုရှိစွာ ပြောလိုက်တယ်။ "ဒါဆို သူမက ငါ့လက်ကောက်ကို ခိုးတဲ့သူဘဲ ဖြစ်ရမယ်!"

သူမ ပြောတာကို ကြားပြီး အကုန်လုံးမျက်နှာပေါ်က အကြည့်တွေ ပြောင်းသွားတယ်။

အဲ့တာမှန်ရင် ရှရှီပေလို မိန်းကလေးမျိုးက သေချာကြီးကို ရွံစရာကောင်းတာမဟုတ်ဘူးလား?

ရက်စက်သောနတ်ဘုရားမHikayelerin yaşadığı yer. Şimdi keşfedin