အပိုင်း ၈၅

Start from the beginning
                                    

သူမက အရူးလို့ သူတို့ ထင်နေတာလား?

ရှရှီပေ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားပြီး အတန်းဆီ ဆက်လျှောက်သွားလိုက်တယ်။

အခြားတစ်ဖက်တွင်တော့ ထောင်ယွယ်ယင်း သူမ သူငယ်ချင်းတွေနဲ့ ခဏလောက် ကစားပြီးတော့ အော်လိုက်တယ်။

"ဟမ်? ငါ့လက်ကောက်ဘယ်ရောက်သွားတာလဲ?!"

သူမ အော်သံက အခြား‌ေ‌ကျာင်းသားတွေရဲ့ အာရုံကိုချက်ချင်း ဆွဲဆောင်လိုက်နိုင်တယ်။

"လက်ကောက်? ဒီနေ့မနက်က နင်ဝတ်ထားတဲ့ ဟာလား?" တစ်ယောက်ယောက်က မေးလိုက်တယ်။

"ဟုတ်တယ် အဲ့တာက ကိုကိုယွီ ကြော်ငြာထားတဲ့ limited edition လက်ကောက်! ငါ အဲ့တာကိုရဖို့ အများကြီး သုံးလိုက်ရတာ!"

အဲ့တာကိုကြားပြီး ကောင်မလေး အကုန်လုံး ရှော့ရသွားတယ်။

"ဟယ်ရွှမ်းယွီ ကြော်ငြာထားတဲ့ limited edition လား?! ဘုရားရေ! အရမ်းဈေးကြီးမှာဘဲ!"

"ငါလည်း အဲ့တာကို ဝယ်ချင်တာ ဒါပေမယ့် ငါ ဈေးနှုန်းကိုမြင်တော့ လက်လျှော့လိုက်ရတယ် ‌ယွယ်ယင်း နင် တကယ်ဝယ်ခဲ့တာလား?"

"ဟုတ်တယ် ငါ ဝယ်တာ ယွမ်၁၀၀၀၀ နီးပါးကုန်သွားတယ်!" ထောင်ယွယ်ယင်း ဘေးဘီကို ပူပန်စွာ ကြည့်လိုက်တယ်။ "ငါ့ကို ကူရှာပေးကြပါဦး!"

အကုန်လုံး ချက်ချင်း လှုပ်ရှားလာကြပြီး လိုက်ရှာကြတော့တယ်။

ဒါပေမယ့် ခဏလောက် ရှာပြီးတော့ သူတို့ ဘာမှ ရှာမတွေ့ကြဘူး။

"‌တစ်ယောက်ယောက်က ယူသွားတာများလား?" တစ်ယောက်ယောက်က တိုးတိုးလေး ပြောလိုက်တယ်။

"အား!" ထောင်ယွယ်ယင်း ချက်ချင်းအော်လိုက်တယ်။ "ငါ သိပြီလို့ ထင်တယ်!"

အားလုံး ချက်ချင်း မေးလိုက်တယ်။ "ဘာကို သတိရတာလဲ?"

ထောင်ယွယ်ယင်း စိတ်ရှုပ်ပုံပေါ်ပြီး ‌သူတို့ကို ပြောလိုက်တယ်။ "ခုနတုန်းက  တစ်ယောက်ယောက်က ငါ့ကို ဝင်တိုက်ခဲ့တာ"

သူမ စကားအသွားအလာကို သိပြီး တစ်ယောက်ယောက်က သူမကို ဝင်တိုက်တယ်ပြောပြီး သူမက တစ်ယောက်ယောက်ကို ဝင်တိုက်တယ် ပြောတာ မဟုတ်ဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now