《 အနှစ်ချုပ် 》

34K 1.1K 71
                                    

[Unicode]

မြို့ရိုးပေါ်မှာ ပိတ်မိသွားတဲ့နောက် လမ်းဆုံးသွားတဲ့ သူပုန်စစ်တပ် ခေါင်းဆောင်က သူ့ဓားကို ငါ့လည်ပင်းနားမှာ လွှဲယမ်းရင်း မချိပြုံးတစ်ခုနဲ့ ထန်ထိုင်ကျင့်ကို မေးသည်။

"မင်းရဲ့ဇနီးနဲ့ သခင်မလေးယဲ့ နှစ်ယောက်ထဲမှာ တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်။ မင်း ဘယ်သူ့ကို ရွေးမလဲ"

ငိုယိုနေတဲ့ ယဲ့ပင်းချန်ကို သတိထားကာ လှမ်းကြည့်ပြီးနောက် system က ပြောလာသည်။

"သခင်၊ သူ သခင့်ကိုပဲ ရွေးမှာပါ"

"ပင်းချန်ကို လွှတ်လိုက်"

ထန်ထိုင်ကျင့်က တုံ့ဆိုင်းမှုမရှိ ဆို၏။

system : "အိုး .."

ငါ : "အိုး .."

"သခင်ရဲ့ မိသားစုက အင်အားကြီးပြီး အာဏာရှိတယ်ဆိုတာ ထန်ထိုင်ကျင့်က သိထားတယ်လေ"

system က နှစ်သိမ့်နေသလိုမျိုး မှတ်ချက်ပေးလာသည်။

"ရလဒ်အနေနဲ့ လျှို့ဝှက်အစောင့်တွေက သခင့်ကို လာကယ်လိမ့်မယ်လို့ သူ ထင်နေတာနေမှာ"

ထန်ထိုင်ကျင့်သည် တကယ်လည်း ထိုသို့တွေးခဲ့သည်။

သို့သော်လည်း ထိုနေ့က သုံးသိန်းသော စစ်သည်တို့၏ ရှေ့မှောက်၊ ငါ သူ့ကို ပြုံးပြပြီး သူ့ရဲ့ တုန်လှုပ်နေတဲ့ အကြည့်အောက်မှာပဲ မြို့ရိုးပေါ်က ခုန်ချခဲ့သည်။

သူ့အတွက် ငါ့ရဲ့ ရုပ်အလောင်းကိုတောင် အပြည့်အစုံ ချန်ထားမပေးခဲ့ပေ။

ဆိုတော့ ဒါကပဲ ထန်ထိုင်ကျင့်အတွက် ငါ ရွေးချယ်ခဲ့တဲ့ 'BE' အဆုံးသတ် ဖြစ်ပုံပါပဲ။ *[1]

ကျင်ဟယ်နှစ်၊ ပထမဆုံးနှစ်တွင် ဧကရာဇ်အသစ်စက်စက် ထန်ထိုင်ကျင့်၏ ဆံပင်တို့သည် ညတွင်းချင်း အဖြူရောင် ပြောင်းသွားခဲ့သည်။ နောက်တော့ သူက ရူးသွပ်နေတဲ့ မိစ္ဆာအဖြစ် ပြောင်းလဲသွားပုံရပြီး တစ်မြို့လုံးကို သတ်ဖြတ်သုတ်သင်ပစ်ခဲ့သည်။ ယဲ့ပင်းချန်ကိုတောင် အလွတ်မပေးခဲ့။

လွန်ခဲ့သောနှစ်များအတွင်း မျှော်လင့်ချက်မရှိ၊ အချည်းနှီး ဖြစ်ခဲ့ရတဲ့ အချစ်ကို မြင်တွေ့ခဲ့ပြီးတဲ့ ငါဟာ ငြိမ်းချမ်းစွာနဲ့ မသေမျိုး ကျင့်ကြံခြင်းလောကကို ပြန်ရောက်လာခဲ့သည်။ နတ်သမီးငယ်လေးအဖြစ် နေရတာကလည်း ငါ့ကို ပျော်ရွှင်စေပါသည်။

Black Moonlight Holds the BE Script || ဘာသာပြန်Where stories live. Discover now