အပိုင်း ၇၈

Start from the beginning
                                    

သူတို့ဘေးမှာ ထိုင်နေတဲ့ စုန့်ထျန်ချင်က နောက်ဆုံးမှာ ပြောလိုက်တယ်။ "ယုံရှင်း တော်ပြီ စီးပွားရေးအရင်ပြောရအောင်"

ဖန်ယုံရှင်း သူတို့ သားအဖကို မျက်စောင်းထိုးလိုက်တယ်။ "ပေပေက အရမ်းပိန်တယ် သူမက ရှင်တို့နဲ့ မတူဘူး!"

စုန့်ကျားရန် သူမအမေကို တိတ်ဆိတ်စွာဘဲ ကြည့်လိုက်တယ်။ ရင်နာစရာကောင်းလိုက်တာ!

"ရတယ် မပူနဲ့ ကိတ်မုန့်အရင်စားရအောင်!" ဖန်ယုံရှင်း ရှရှီပေကို တစ်ဖန် လှည့်လိုက်တယ်။ "သမီးက အရမ်းပိန်တာဘဲ များများစားရမယ်!"

ရှရှီပေ သူမရဲ့ စိတ်အားထက်သန်မှုအောက်မှာ မျောနေတယ်။ သူမ မြန်မြန်ပင် ပြန်ဖြေလိုက်တယ်။ "အန်တီရှင်း သမီးဘာသာ စားလိုက်မယ် တကယ်တော့ သမီး ဗိုက်မဆာပါဘူး စီးပွားရေးအကြောင်း အရင်ပြောရအောင်!"

"စားပြီးမှ ပြောရအောင်!" ဖန်ယုံရှင်း ပြန်ပြောလိုက်တယ်။

ရှရှီပေ ခေါင်းသာငြိမ့်ပြလိုက်တော့တယ်။

ရှရှီပေ ကိတ်မုန့် နည်းနည်းစားပြီးတော့ နွားနို့ တစ်ဝက်လောက် ကုန်မှသာ စုန့်ထျန်ချင် ပြောလိုက်တယ်။

"ဒီမစ်တီးနဲ့ သမီး လုပ်တဲ့ဟာ.....ဘယ်ဟာပိုကောင်းတယ်ထင်လဲ?"

ရှရှီပေ ပြုံးလိုက်တယ်။ "အန်တီရှင်း ရဲ့ မစ်တီးက ကောင်းပါတယ် ဒါပေမယ့် သမီးဟာက ပိုအရသာရှိလို့ ထင်တုန်းဘဲ"

သူမ ဒီကို ရောက်နေပြီဘဲ စကားကို ဘွင်းဘွင်းရှင်းရှင်း ပြောရမှာပေါ့။

"သမီး မစ်တီးက ဈေးကွက်ထဲ ရောင်းတဲ့ ဟာတွေနဲ့ ကွာတယ် ဖော်မြူလာလည်းမတူဘူး ပိုကောင်းတဲ့ အရသာနဲ့ ကယ်လိုရီလည်း နည်းသေးတယ်"

သူမရဲ့ ယုံကြည်မှုကို ကြည့်ပြီး စုန့်ထျန်ချင် သူမကို နည်းနည်းလေးစားသွားတယ်။

စုန့်ကျားရန် မနေ့ညက အိမ်ပြန်လာတော့ သူမ မစ်တီးခွက်အနည်းငယ်လည်း ယူလာသေးတယ်။

သူက ပုံမှန် မစ်တီးလို့ ထင်လိုက်တာကြောင့် အများကြီး မမျှော်လင့်ထားဘူး။

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now