အပိုင်း ၇၄

Start from the beginning
                                    

ဒါပေမယ့် သူ့ရဲ့ စံချိန်က မြင့်မားတာကြောင့် လူအများစုက အရည်အချင်း မမှီကြဘူး။

____ဒါပေါ့ တစ်စုံတစ်ယောက်ရဲ့ အရည်အချင်းက အရမ်းကောင်းနေရင် သူ သူများတွေနဲ့ ယှဉ်ပြိုင်နေရမှာ။ ပြောရရင် သူက ကုမ္ပဏီမှာ တစ်ဦးတည်းသော အေးဂျန့်မဟုတ်ဘူး

ဒါကြောင့် သူက အသစ်လေးတွေဘဲ ကိုင်တွယ်ချင်တယ်။

အားလုံးက သူဘာလိုချင်လဲ သိတာကြောင့် ရှရှီပေကို ကြည့်တဲ့ အကြည့်တွေထဲမှာ အလွန်ပြင်းထန်တဲ့ စေ့စပ်စစ်ဆေးမှုတွေ ပါတယ်။

ဒါပေမယ့် သူမရဲ့ မျက်နှာကို ကြည့်ပြီး အားလုံးက ဖန်းယန်ရဲ့ သဘောထားကို သဘောပေါက်သွားတယ်။

ဖန်းယန် ရှရှီပေကို ကုမ္ပဏီ အတွင်းပိုင်းတစ်ခုလုံးကို ခေါ်သွားပြီး တစ်ဆက်တည်း ကုမ္ပဏီအခြေအနေနဲ့ မိတ်ဆက်ပေးလိုက်တယ်။

"ငါတို့ ကုမ္ပဏီမှာ အကစတူဒီယိုနဲ့ မှတ်တမ်းတင် စတူဒီယိုရော ရှိတယ် ပစ္စည်းပစ္စယကလည်း ပြည့်စုံတယ် ငါတို့ လေ့ကျင့်ရေး စနစ်ကလည်း ကျယ်ပြန့်တယ် မင်း အကဲဖြတ်တာကို အောင်ရင် ပွဲဦးထွက်လို့ရပြီ....."

သူ ကုမ္ပဏီအကြောင်းကို မနားတမ်းပြောနေပြီး ရုတ်တရက် ရပ်သွားတယ်။

"ဟယ်လို အစ်မရွှယ်" ဖန်းယန် သူ့‌အရှေ့ကိ အမျိုးသမီးကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်တယ်။

"ရှောင်ဖန်း ဒါက...."

ပိုင်မေရွှယ် ရှရှီပေကို ကြည့်လိုက်တော့ သူမမျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။ သူမ အမူအရာက ပါးနပ်ပြီး အနည်းငယ် မသိမြင်နိုင်သော ရှော့တို့ ပါဝင်နေတယ်။

"အို့ ဒါက ကျွန်တော် ခုလတ်တလောမှ ရှာတွေ့ထားတဲ့ သင်တန်းသူ ကျွန်တော် သူမကို ကုမ္ပဏီကို လိုက်ပြနေတာ" ဖန်းယန် လေးနက်စွာ ဖြေလိုက်တယ်။

ပိုင်မေရွှယ်မျက်လုံးထဲ အလင်းတစ်ထု ဖြတ်သွားပြီး သူမ လှပသော မိန်းမငယ်လေးကို ကြည့်လိုက်တဲ့အခါမှာ သူမနှုတ်ခမ်းပေါ်က အပြုံးက ပိုပြီး သိမ်မွေ့နက်နဲလာတယ်။

"အို့ သင်တန်းသူ အသစ် ကောင်းသားဘဲ"

သူမ ရှရှီပေကို ကြင်နာစွာ ကြည့်လိုက်ပြီး ပြုံးကာ သူမကိုယ်သူမ မိတ်ဆက်လိုက်တယ်။ "ဟယ်လို ငါက ပိုင်မေရွှယ်"

ရက်စက်သောနတ်ဘုရားမWhere stories live. Discover now