အပိုင်း ၇၂

Zacznij od początku
                                    

ကျန်တာကိုဖယ်ထားလိုက် သူမ ဘယ်လိုလုပ် ဂန္ဓမာပန်းရဲ့ အရသာကို မသိရမှာလဲ?

"အရသာကွာမှာပေါ့" ရှရှီပေ အပြုံးလေးနဲ့ ပြန်ပြောလိုက်တယ်။ "အကုန်လုံးကို စနစ်တကျ ရောထားတာကြောင့်ဘဲ အရသာတေ‌ွ ပြောင်းကုန်တာလေ"

ရှရှီပေက စိတ်ကူးယဉ်နယ်မြေမှာ ဒဏ္ဍာရီလာ အစွမ်းနဲ့ ဆရာဝန်တစ်ယောက်။ လူနာကို ကုသတာနဲ့ ဆေးညွှန်းဖော်တာလောက်ကတော့ သူမအတွက် အခြေခံဘဲ ရှိတယ်။

စိတ်ကူးယဉ် နယ်မြေက ဆေးပညာနဲ့ ဒီက ဆေးပညာနဲ့က တိုင်းရင်းဆေးပညာနဲ့ နည်းအမျိုးမျိုးတူပေမယ့် ကွာခြားတဲ့ နေရာတွေလည်း ရှိသေးတယ်။

ပြီးတော့ ဒီကဆေးပညာထက် ဟိုက ဆေးပညာက နက်နဲပြီး ပြည့်စုံတယ်။ အဲ့တာကြောင့် ရှရှီပေက အရည်အချင်းများစွာကို လေ့လာသင်ယူထားပြီးပြီ။

အနည်းဆုံး ဆေးမြစ်တွေ ပေါင်းစပ်တာလောက်ကတော့ သူမထက် ဘယ်သူကမှ မတော်နိုင်ဘူး။

အဲ့တာတွေက သူမရဲ့ ပြိုင်ဘက်ကင်းစွမ်းရည်တွေလို့ ပြောလို့ရတယ်။ သူမသာ တပည့်မထားဘူးရင် သူမမှာ ရှိတဲ့ စွမ်းရည်တွေကို ဘယ်သူကမှ မလေ့လာနိုင်ဘူး။

ကျန်တာကို ဖယ်လိုက်ရင် ပျားရည်စုပ်ပန်းတဲ့ ဂန္ဓာပန်းကို ရောတဲ့နေရာမှာ ဂန္ဓာပန်းရဲ့ အရသာက အကုန်လုံးရဲ့ အရသာကို ဖုံးအုပ်မသွားစေဘဲ ဘယ်သူကမှ မပေါင်းစပ်နိုင်ဘူး။

"အံ့အားသင့်စရာကောင်းတာဘဲ!"

စုန့်ကျားရန် ရှရှီပေကို ကြောက်ရွံ့ရိုသေပြီး ဆွဲဆောင်မှုရှိစွာ ကြည့်လိုက်တယ်။

သူမအတွက်လုပ်ပေးတဲ့ ဆေးရေချိုးကန်တစ်ခုလေးက ရှရှီပေ ပြောသမျှကို သူမကို ယုံကြည်သွားစေတယ်။

"အဲ့ထဲမှာပါတဲ့ နို့မှုန့်နဲ့ သကြားကိစ္စကိုလည်း ဖြေရှင်းပြီးပြီ သူတို့က ဈေးကွက်ထဲမှာ သုံးနေကြတဲ့ ဟာတွေနဲ့ ကွာတာကြောင့် သူတို့မှာ ပုံမှန် ကယ်လိုရီရဲ့ ဆယ်ပုံတစ်ပုံဘဲ ပါတယ်"

ဆယ်ပုံတစ်ပုံ?!

အခုတော့ စုန့်ကျားရန် ပိုပြီး မျက်လုံး ပြူးသွားတယ်။

ရက်စက်သောနတ်ဘုရားမOpowieści tętniące życiem. Odkryj je teraz