အပိုင်း ၇၁

ابدأ من البداية
                                    

___မစ်တီးအနံ့ဘဲ!

ရနံ့က ချိုမြပေမယ့် မအီစေဘူး။ ချိုမြိန် အိစက်သော လက်ဖက်ခြောက်အနံ့အနည်းငယ်ရောပါတယ်။ သွားရည်ကျစေတဲ့ရနံ့တစ်မျိုးဘဲ။

ဘာ‌ေတွဖြစ်ကုန်တာလဲ?

သူမကို ရှရှီပေက မစ်တီးအကြောင်းပြောတာကို သတိရပြီး စုန့်ကျားရန် အံ့ဩသွားတယ်။

သူမ အခု တကယ် မစ်တီးလုပ်နေတာလား?

ရနံ့က နေရာအနံ့ပျံ့သွားတော့ စုန့်ကျားရန်ရဲ့ သံသယက ပိုကြီးလာတယ်။ ဘယ်ဆေးအနံ့ကမှ သွားရည်ကျချင်စရာကောင်းတဲ့ အနံ့ကို မဖုံးအုပ်နိုင်တော့ဘူး။

မိနစ်အနည်းငယ်ကြာတော့ လတ်ဆတ်တဲ့ ဆေးမြစ်အနံ့က လေထုထဲ ပျံ့နှံ့လာတယ်။

အဲ့ရနံ့က မစ်တီးရနံ့နဲ့ ပေါင်းစပ်သွားပြီး ချိုမြန်မှုကို ဖိထားကာ လက်ဖက်ခြောက်ရဲ့ ရနံ့နဲ့ပါ ပေါင်းစပ်သွားတယ်။

စုန့်ကျားရန် သူမကိုယ် သူမ သွားရည်ကျနေပြီလို့တောင် ထင်သွားတယ်။

"ပေပေ နင်ဘာလုပ်နေတာလဲ?" သူမ အသံအနည်းငယ်မြှင့်ကာ အော်လိုက်တယ်။

"နင် ပြီးကျ တွေ့ရလိမ့်မယ်!" ရှရှီပေ မီးဖိုချောင်ထဲကနေ အော်လိုက်တယ်။

စုန့်ကျားရန် မျက်နှာမဲ့သွားတယ်။ ဒါကလည်း နှိပ်စက်မှုတစ်မျိုးပါဘဲလား!

နောက်ဆုံး သူမ ရေချိုးကန်ထဲက ထွက်လာပြီး အဝတ်ပြန်ဝတ်လိုက်ကာ မီးဖိုချောင်ထဲမသွားခင် ရှရှီပေက သူမ‌အရှေ့ကို ပေါ်လာတယ်။

စုန့်ကျားရန် ရှရှီပေ လက်ထဲက အညိုရောင်အရည်ထည့်ထားတဲ့ ခွက်ကို မြင်တော့ သူမမျက်လုံးတွေ ပြူးကျယ်သွားတယ်။

"ဒါက...."

"ငါ့ရဲ့ အိမ်လုပ် မစ်တီး သောက်ကြည့်"

ရှရှီပေ သူမကို မစ်တီးကမ်းပေးလိုက်တယ်။

စုန့်ကျားရန် လက်ကို ထုတ်လိုက်ပေမယ့် မြန်မြန် လက်ပြန်ဆုတ်ပြီး အော်လိုက်တယ်။ "မသောက်ဘူး ငါ့ ဝိတ်တွေ ပိုတက်လာမှာပေါ့!"

သူမ ဒီရက်ပိုင်းအတွင်း ပေါင်ချိန် နည်းနည်းလောက်ကျပြီး သူမမျက်နှာက အရင်ကထက် နည်းနည်းလောက် ရုပ်ထွက်လာပြီ။ သူမ ဘယ်လိုလုပ် စတုရန်းမျက်နှာပုံကြီး ပြန်ရောက်အောင် လုပ်ရဲမှာလဲ?

ရက်စက်သောနတ်ဘုရားမحيث تعيش القصص. اكتشف الآن