သို့သော် ချင်းယွင်က သူနှင့် ရောက်တတ်ရာရာ မပြောချင်တော့ရာ ဓားရှည်ဖြင့် ခုတ်ချလိုက်သည်။

ရုတ်ခြည်းပင် ရွှေရောင်အလင်းတစ်ခုနှင့် 'ချွင်' ဟူသောအသံပေါ်လာပြီး ရွှေချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသူတစ်ယောက်က ချင်းယွင်၏ဓားရှည်ကို တားလိုက်သည်။

ချင်းယွင်မျက်လုံးမှေးလိုက်ပြီး ထိုရွှေချပ်ဝတ်တန်ဆာနှင့်တစ်ယောက်၏ ဓားရှည်အား လွယ်လွယ်ကူကူတားလိုက်သည်။ ဤလူကအင်အားကြီးသော်လည်း ဤကမ္ဘာရှိ မည်သူကမှ ချင်းယွင်အားမရပ်တန့်နိုင်ပေ။

သို့သော် ရွှေချပ်ဝတ်တန်ဆာဖြင့်လူက ချင်းယွင်၏ တိုက်ခိုက်မှုကို ခံစားမိပုံမပေါ်ဘဲ ပြန်ပျံတက်သွားသည်။ သူ၏လုပ်ဆောင်ရမည့်တာဝန်က အလေးအမြတ်ကျင့်ကြံသူသားတော်ကို ကာကွယ်ကာ ချင်းယွင်အားသတ်ရမည့်ပုံပင်။

ရွှေချပ်ဝတ်တန်ဆာနှင့်လူ၏ တုန့်ပြန်မှုကို မြင်သောအခါ ၎င်းသည်ရုပ်သေးရုပ်တစ်ခုသာဖြစ်ကြောင်း ချင်းယွင်သဘောပေါက်သွားသည်။

ချက်ချင်းပင် ရွှေရောင်ချပ်ဝတ်တန်ဆာဖြင့် ရုပ်သေးရုပ်က ချင်းယွင်အား ထပ်တိုက်ခိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် သူသည် ထိုနေ့က ချင်မိသားစုအိမ်ပေါ်၌ ပေါ်လာသောလက်ဝါးရာနှင့် တူညီသည့် ဧရာမလက်ဝါးရာအားရိုက်ချလိုက်သည်။

ဤသည်ကိုမြင်သောအခါ ချင်းယွင်၏သူငယ်အိမ်များ ကျုံ့သွားကာ ခက်ထန်စွာမေးလိုက်သည်။ "မင်းက ဘယ်သူလဲ။"

သို့သော် ၎င်းသည်ရုပ်သေးရုပ်တစ်ခုသာဖြစ်သဖြင့် သူ့အားပြန်မဖြေနိုင်ချေ။

ရွှေချပ်ဝတ်တန်ဆာဖြင့်ယောက်ျားက ပါးစပ်ပိတ်နေပြီး သူ၏ခွန်အား အားလုံးကို တိုက်ခိုက်ရာတွင်သာ ထည့်သွင်းထားသည်။ သူ၏ လှုပ်ရှားမှုအားလုံးက ချင်းမိသားစုဆီမှဖြစ်ပြီး အလွန်အရည်အချင်းရှိကာ ချင်းမိသားစု၏ ဘိုးဘေးခန်းမထဲမှ ယခင်အကြီးအကဲများ မသေဆုံးခင် ကိုယ်ခံပညာလေ့ကျင့်သောမြင်ကွင်းထက်ပင် ပို၍ပြီးပြည့်စုံနေသည်။

"မင်းက ဘယ်သူလဲ။" ချင်းယွင်က ရွှေရောင်မျက်နှာဖုံးအောက်မှ မျက်လုံးများကိုစိုက်ကြည့်ရင်း အသက်ရှူသံများပင် ကမောက်ကမဖြစ်လာခဲ့သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now