107

6.8K 1.3K 246
                                    

ချင်းယွင်နှင့်အဖွဲ့က နတ်သူငယ်တောအုပ်ဆီသို့ တိတ်ဆိတ်စွာ ခရီးဆက်လာကြသည်။ လမ်းတစ်လျှောက်တွင် နယ်စပ်မြို့မှ စစ်ပွဲအကြောင်းကို ကြားသော ကြေးစားစစ်သားများကလည်း သူ့ဘက်သို့ စုပြုံရောက်လာကာ လုံခြုံရေးစောင့်ကြပ်ပေးချင်နေကြသည်။

ဤသန်မာသော မိန်းကလေးငယ်က အကာအကွယ်ကို မလိုအပ်မှန်း သူတို့သိသော်လည်း ထိုကြေးစားစစ်သားများက သူမအနောက်သို့ တိတ်ဆိတ်စွာ လိုက်ချင်နေကြသည်။

မိန်းကလေးငယ်ထံ စုပြုံချင်နေသော ထိုလူများ၏ သဘောထားကို သတိထားမိသဖြင့် မောရစ်က အရင်းခံအားဖြင့် ချင်းယွင်၏ ရထားလုံးဘေးတွင်သာ နေပြီး လမ်းတစ်လျှောက်လုံးတွင် သူ့ကိုအခြားလူများ၏ စပ်စုသောအကြည့်များနှင့် ခွဲခြားထားသည်။

မကောင်းဆိုးဝါးများကို ဖြေရှင်းပြီးဖြစ်သော်လည်း ဂျွိုက်ကိုသူ၏တကယ့်ပုံစံအား ပြောပြရန်နည်းလမ်းကို မစဉ်းစားနိုင်သေးသဖြင့် မောရစ်မည်သူ့ကိုမှ မပြောပေ။

ဂျွိုက် တောင်တန်းများဆီသို့ ရောက်သွားကာ သူ့အသိုက်ထဲရောက်မည့်အချိန်အထိစောင့်ရန် သူတွေးမိသည်။ ထို့နောက် သူတို့နှစ်ယောက်ထဲသာ ရှိတော့မည့်အချိန်ကျမှ ဂျွိုက်နှစ်သက်စေရန်အတွက် သူ့ခန္ဓာကိုယ်အား ပိုသေးငယ်အောင်၊ ပိုချစ်စရာကောင်းအောင်နေလိုက်မည်။

အိုး၊ ဂျွိုက်က သန့်ရှင်းတာကို ကြိုက်တယ်။ ထို့ကြောင့် သူမနဲ့မတွေ့ခင်တွင် သူ့အကြေးခွံများကို သေသေချာချာ တိုက်ချွတ်ဆေးကြောရမည်။

ဂျွိုက်မည်သို့ တုန့်ပြန်မည်အား တွေးရင်း ရထားလုံး၏ဘေး၌ မြင်းစီးနေစဉ်တွင် သူ့ဘေးမှ ရထားလုံးပြတင်းပေါက်က ရုတ်တရက် ပွင့်လာသည်။ မောရစ်၏ရှေ့တွင် ဂျွိုက်၏လှပသော မျက်နှာလေးပေါ်လာပြီး သူ့အာရုံက ဂျွိုက်အပေါ်ချက်ချင်းရောက်သွားသည်။

"ဘာလို့လဲ။ မင်း ဗိုက်ဆာလို့လား။ ဒါမှမဟုတ် ပင်ပန်းလို့ နားချင်ပြီလား။ " မောရစ်က သူမ၏ခန္ဓာကိုယ်ကို ကြည့်၍  ကြင်နာစွာမေးလိုက်သည်။ ဤတစ်ယောက်၏ မူလခန္ဓာကိုယ်သည် တကယ်တော့ အလွန်အမင်း ကြမ်းတမ်းစွာ နေထိုင်ရသော နဂါးတစ်ကောင်ဖြစ်သည်ကို လုံးဝမရိပ်မိနိုင်လောက်အောင် အလွန်အာရုံစိုက်နေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးOnde histórias criam vida. Descubra agora