131

7.9K 1.5K 64
                                    

ဤယောက်ျားသည် သူ၏လည်ပင်းအား ကိုက်ဆွဲတော့မည့်သားရဲကောင်ဖြစ်ကြောင်းကို ရှန်လီယန်သံသယမရှိပေ။

ဩဇာအာဏာမြင့်မားပုံပေါ်သော ထိုင်နေသည်ံ့ ထိုယောက်ျားက ချက်ချင်းမတ်တပ်ရပ်သည်။ ထိုယောက်ျား၏ ဘုန်းတန်ခိုးက လေးလံလွန်းပြီး ကြောက်လန့်စေသည့်အတွက် အဖေရှန်က ချက်ချင်းခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။

ထို့အပြင် ဤယောက်ျား၏ ထူးထူးဆန်းဆန်း ရင်းနှီးနေသောမျက်နှာနှင့် အထက်တန်းစားလူတစ်ယောက် အရှိန်အဝါက ရှန်လီယန်အားမှတ်မိသွားစေသည်။ ပါတီတစ်ခုတွင် ဝေ့မိသားစု၏တကယ့်ခေါင်းဆောင်နှင့် သူတွေ့ဖူးသည်။ ၎င်းကနေမကောင်းဖြစ်နေသော်လည်း ဝေ့တစ်မိသားစုလုံးအား စနစ်တကျထိန်းချုပ်ထားနိုင်သည်။ တမူထူးခြားသော အရှိန်အဝါနှင့် အန္တရာယ်များသောထင်မြင်ချက်က အဖေရှန်၏နှလုံးသားထဲ၌ စွဲနေသည်။

ထိုယောက်ျားက ဤအခြေအနေ၌ ပေါ်လာသောအခါ ရှန်လီယန်၏ ပိုက်ဆံတစ်ခုတည်းသာကြည့်သည့် စိတ်ကပို၍ရှုပ်ထွေးလာပြီး လက်ရှိဖြစ်ရပ်အား အနည်းငယ်မရေမရာဖြစ်လာသည်။

ရှန်လီယန်က သူ့အားအလိုအလျောက် ရှောင်လိုက်မိသော်လည်း ထိုယောက်ျားသည် သူ့ဘက်သို့ မလျှောက်လာပေ။ ထိုအစားသူက ဘေးဘက်မှ ဆိုဖာသို့ လျှောက်သွားသည်။ သူ့လက်များက အဆောတလျင်ဖြစ်နေပြီး ဆယ်ကျော်သက်ကောင်လေးပေါ်မှ ကြိုးများအား တုန်တုန်ရီရီဖြင့်ဖြေပေးလိုက်သည်။ ထို့နောက် ဆယ်ကျော်သက်ကောင်လေး၏ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲဖက်ထားလိုက်သည်။

"အဆင်ပြေတယ်နော်။ မနာဘူးမဟုတ်လား။ ဒဏ်ရာရသွားသေးလား။" ထိုယောက်ျားက အလွန်အမင်းစိုးရိမ်ပူပန်နေပုံဖြင့် မေးသည်။ အရာအားလုံးက ဝေ့ချန်းရှု၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း သူ့ကလေးလေးမတော်တဆ တစ်ခုခုဖြစ်လာမည်ကို ကြောက်နေသေးသည်။

ဆိုဖာပေါ်မှ လူငယ်လေးက ထိုယောက်ျား၏လည်ပင်းအား လက်ဆန့်၍ဖက်လိုက်သည်။ သူက အလွန့်အလွန် ယုံကြည်နေပြီး ဤပွတ်သီးပွတ်သပ်အနေအထားသည် ရှန်လီယန်၏ရင်ထဲ၌ အချက်ပေး ခေါင်းလောင်းသံများ မြည်လာစေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now