4

16.4K 2.1K 55
                                    

ဖုန်း၏ အခြားတစ်ဖက်မှ ပြောသော အချက်အလက်က လင်ယွီဟောက်ကို အံသြသွားစေသဖြင့် သူ့ဘေးတွင် နျင်းချန်ယွမ် ရှိနေသည်အား မေ့သွားသည်။

လင်ယွီဟောက်း အမှန်အကန် အံအားသင့်သွားသံကို ကြားရသောအခါ နျင်းချန်ယွမ် မျက်မှောင်ကြုတ်မိသည်။ ချင်းယွင်က အထက်တန်းကျောင်းသားပဲ ရှိသေးတယ်လေ။ အခု ကျောင်းသွားတာက ပုံမှန်ပဲ မဟုတ်ဘူးလား။ ဘာလို့ လင်ယွီဟောက်က တအား အံ့ဩနေရတာလဲ။ သူက ချင်းယွင် ကျောင်းမတက်နိုင်အောင် ဘာများ လုပ်ထားလို့လဲ။

" ဒါဆို ငါ့ ခန္ဓာကိုယ် ပေါ်က ဒဏ်ရာတွေကို ကိုယ့်ဘာသာ လုပ်ထားတာ မို့လို့လား။ "

ဤ စကားလုံးများကို ဆိုစဉ်က ချင်းယွင်၏ နီရဲနေခဲ့သော မျက်ဝန်းများကို နျင်းချန်ယွမ် သတိရမိသည်။ သူက လင်ယွီဟောက်ကို နက်နဲစွာ ကြည့်လိုက်သည်။

လင်ယွီဟောက်က သတိမထားမိဘဲ စကားလွန်သွားသည်။ သူပို အကွက်ချလေ အလိမ်ပိုကြီးလေသာ ဖြစ်လာမည်။ သူသာ အခြေအနေများကို ပြန်ရှင်းပြလိုက်လျှင် ပိုဆိုးသွားမည်ကို သိသည်။

ခေတ္တမျှ စိတ်သက်သာရာရသွားပြီး ဖုန်းပြောနေသည့် အပေါ်တွင်သာ အာရုံစိုက်လိုက်သည်။ " နောက်ဆုံးတစ်ခေါက် ငါ ချင်းယွင်နဲ့တွေ့တုန်းက သူ့အဖေသေလို့ ဝမ်းနည်းနေတာလေ။ အခု ပုံမှန်အခြေအနေ ပြန်ရောက်သွားတာလဲ ကောင်းတာပဲ။ "

" မင်း သူ့ကို ကျောင်းမှာ အာရုံပိုစိုက်ပေးလိုက်ပါကွာ။ "

ချင်းယွင်ကို အလွန်အမင်း စိတ်ပူနေပုံဖြင့် သူက ဖုန်းတစ်ဖက်မှ လူကို အကြိမ်အနည်းငယ် အထပ်ထပ်ပြောလိုက်သည်။ သို့သော် နျင်းချန်ယွမ်၏ မျက်ဝန်းများက သူဖုန်းဖြေနေသည့် တစ်လျှောက်လုံးတွင် မှောင်မိုက်နေသည်။

" လင်ကော၊ အန်တီလင်က အစ်ကို့ကို တွေ့ဖို့ ကျောင်းကို ဒီနေ့ရောက်လာခဲ့သေးတယ် "

၎င်းကို ကြားလိုက်ရသောအခါ လင်ယွီဟောက်၏ မျက်လုံးများက အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။ သူက ရယ်သံတစ်ချက်ပြု၍ ဖုန်းချလိုက်သော်လည်း သူ့တစ်ကိုယ်လုံး ဒေါသများ ပြည့်လျှံလာသည်။ ဘယ်လိုလုပ် ချင်းယွင်က အသက်ရှင်နေသေးတာလဲ။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီအချိန်မှာမှ ကျောင်းတက်လိုက်သေးတယ်။ နျင်းချန်ယွမ်ကလဲ ဒီနေ့ သူ့အကြောင်း မေးတယ်ဆိုတော့...

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now