144

6.8K 1.3K 78
                                    

အကြေးခွံကို ပထမဆုံးဖမ်းမိလိုက်သူက အကြေးခွံ၏အရှိန်အဟုန်ကြောင့် မြေကြီးပေါ်သို့ချက်ချင်းပြုတ်ကျသွားသည်။ သူက မြေကြီးပေါ်၌ ဆယ်မီတာကျော်မျှ ချော်ထွက်သွားပြီး တစ်ကိုယ်လုံး သွှေးလွှမ်းသွားမှသာ အကြေးခွံအားလက်လွှတ်လိုက်သည်။

အကြေးခွံက တောအုပ်၏ လားရာတစ်ခုသို့ ပျံသွားကာ သစ်ပင်များကိုပင် တည့်တိုက်ချသွားပြီး သူ့အရှေ့မှအတားအဆီးအားလုံးကို သူ၏အစွမ်းထက်သောအကာအကွယ်ဖြင့် ရိုက်ချသွားသည်။

အရှင်ဧကရာဇ်၏အကြေးခွံက ဘာကိုရှာနေသနည်း။

အကြေးခွံက ယှဉ်ပြိုင်သူတစ်ဝက်ကျော်ကို ကျော်သွားပြီး ထိုယှဉ်ပြိုင်သူတစ်ယောက်ချင်းစီကလည်း အကြေးခွံအား လှမ်းဆွဲရန်ကြိုးစားသော်လည်း ဒဏ်ရာအမျိုးမျိုးကိုသာ ရသွားကြသည်။

မကြာမီတွင် ချင်းယွင်၏ပတ်ဝန်းကျင်မှ ယှဉ်ပြိုင်သူများသည်လည်း အကြေးခွံ၏လှုပ်ရှားမှုကို သတိပြုမိကြသည်။ လူတိုင်းက မတ်တပ်ရပ်ကာ အကြေးခွံကိုရပ်တန့်ရန် အားအပြည့်အဝစုစည်းထားပြီး အချို့က မိမိသည်အကြေးခွံထံမှ ရွေးချယ်ခံရမည့်သူဟူ၍ပင် ရင်ထဲ၌မျှော်လင့်နေကြသည်။

ပတ်လည်မှကင်မရာများကလည်း အကြေးခွံပျံသန်းနေသည့် လားရာကို ရှင်းလင်းစွာရိုက်ကူးပြနေသည်။

ဤအခိုက်အတန့်တွင် ပါဝင်ယှဉ်ပြိုင်သူအားလုံး၏ မျက်နှာပြင်များ စုပေါင်းသွားကာ ကြည့်ရှုသူအားလုံးသည်လည်း အလွန်အကျူး စိတ်လှုပ်ရှားနေသဖြင့် မှတ်ချက်တစ်ခုပြီးတစ်ခုတက်လာသည်။

(အာာာား၊ အဲ့ဒါ အီလော့စ်ရှိနေတဲ့ဘက် မလား။ အရှင်ဧကရာဇ်က အီလော့စ်ကို တကယ်ရွေးလိုက်တာပဲ။)

(မဟုတ်သေးဘူး။ အဲ့နေရာမှာ ဖေးလ်နဲ့ မိုနာတို့လည်း ရှိသေးတယ်လေ။ ဒီတော့ အကြေးခွံက ဘယ်သူ့ကိုရွေးမယ်ဆိုတာ အနီးကပ်မှကြည့်တာပေါ့။)

ယှဉ်ပြိုင်သူတစ်ယောက်ချင်းစီ၏ ပရိသတ်များက အကြေးခွံမှ သူတို့၏အသည်းစွဲအားရွေးရန် မျှော်လင့်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ရွေးချယ်ခံရသည့် ဂုဏ်ကျက်သရေက အကြေးခွံကိုကိုယ်တိုင်ကြိုးစားရှာရခြင်းနှင့်မတူညီပေ။ ၎င်းက အရှင်၏ဧကရာဇ်၏ ဆန္ဒပင်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWaar verhalen tot leven komen. Ontdek het nu