41

10K 1.6K 75
                                    

ထိုညမှာပင် "ကောင်းကင်ကိုပိတ်သိမ်းမယ်" ဝတ္ထု၏ တိုက်ရန်အဆင်သင့်ဖြစ်နေသော မူရင်းပရိသတ်များက နောက်ဆုံးတွင်တော့ နေရာယူလာကြသည်။

သူတို့က ပွဲတက်ဓာတ်ပုံလက်တစ်ဆုပ်မျှသာ တင်ထားသော ချင်းယွင်၏ ဝေးပေါ်စာမျက်နှာကို လာကြည့်ကြသည်။ ဤသရုပ်ဆောင်ကအတော်ချောမောသော်လည်း ဓာတ်ပုံအရိုက်ခံသည့်ပညာ ခေါင်းပါးသည်။ သရုပ်ဆောင်လျှင်သာမက ဖျော်ဖြေရေးအစီအစဉ်များ၌ ပါဝင်ရာတွင်လည်း သစ်တုံးကဲ့သို့ တောင့်တောင့်ကြီး ဖြစ်နေပြီး ထိုင်းမှိုင်းနေသည်။

ဤမျက်နှာလှလှလေးဖြင့် ထုံထိုင်းနေပုံက လူထုကို ထူးထူးဆန်းဆန်း ချစ်ဖို့ကောင်းသည်ဟု ခံစားရစေသည်။ သို့သော် ချစ်ဖို့ကောင်းမှုတစ်မျိုးထဲဖြင့် ဆရာသခင် လင်းဟွာ၏ ပရိသတ်များအားစိတ်မကျေနပ်စေပေ။

သူတို့ရဲ့ ဆရာသခင်က ခန့်ညားရုံသာမက နတ်ဆိုးဆန်ပြီး အင်အားကြီးတယ်။ ဒီလို ချစ်ဖို့ကောင်း၊ မြတ်နိုးဖို့ကောင်းရုံတင်မဟုတ်ဘူး။ အိုကေလား။

သတင်းကြားပြီးရောက်လာသော မူရင်းပရိသတ်များမှာ သူတို့တွေ့လိုက်ရသည့်အရည်အချင်းကြောင့် စိတ်ပျက်သွားသည်။ ချင်းယွင်၏ဝေးပေါ်စာမျက်နှာနှင့် "ကောင်းကင်ကိုပိတ်သိမ်းမယ်" ရိုက်ကူးရေးအဖွဲ့၏ တရားဝင်စာမျက်နှာအောက်၌ သူတို့က မှတ်ချက်ပေးထားကြသည်။ စာအုပ်တစ်အုပ်လုံး၏ အဓိကသော့ချက်ဖြစ်သော ဆရာသခင် လင်းဟွာ အစစ်ကိုသာ မြင်ချင်ကြောင်း ပြောထားကြသည်။

ထိုတစ်ယောက်သာ ဇာတ်ကောင်အား ကောင်းကောင်းသရုပ်မဆောင်နိုင်လျှင် ဇာတ်ကောင်၏ပုံရိပ်ကို ဖျက်ဆီးမည့်အစား ဇာတ်ကောင်ဖယ်ထုတ်လိုက်ခြင်းကမှ ပိုကောင်းပေလိမ့်မည်။

မူရင်းဝတ္ထုကို ပို၍ဆတ်ဆတ်ထိမခံသော ပရိသတ်များက အံ့ဩကြောင်းထုတ်ဖော်ပြောဆိုကြပြီး ဇာတ်လမ်းအား နှုတ်ဆက်လိုက်ပါတယ် ဟုပြောကြသည်။ (မကြည့်တော့ဘူး)

အပုပ်ချပြောဆိုသည့် ရေတပ်မှ သွေးထိုးမှုကြောင့် ဆန့်ကျင်သူများ ပိုတိုးလာသည်။ ချင်းယွင်၏ ကိုယ်ပိုင်စာမျက်နှာပေါ်၌ သူ၏ရုပ်ရည်သွင်ပြင်နှင့် သရုပ်ဆောင်ဆိုးရွားမှုအကြောင်း စတင်တိုက်ခိုက်ခဲ့ကြသော ရေတပ်နေရာကို မူရင်းပရိသတ်များက အပိုင်စီးလိုက်ကြသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now