89

8.1K 1.5K 259
                                    

"မတွေ့တာကြာပြီ ဟုတ်လား။ " ချင်းယွင်က သူ့အရှေ့မှ ယောက်ျားအား ကျီစယ်၍ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အေးဆေးသက်သာစွာထိုင်လိုက်ကာ လက်ဖက်ရည်တစ်ငုံ အရသာခံလိုက်ပြီး တစ်ဖက်လူကို မျက်ခုံးအနည်းငယ်ပင့်၍ ဘေးတိုက်ကြည့်လိုက်သည်။ "ခင်ဗျားနဲ့ ကျွန်တော် ဘယ်တုန်းက တွေ့ဖူးလို့လဲ။ "

ချင်းယွင်၏ စကားများကို ကြားသောအခါ ချီယူ၏မျက်နှာပေါ်မှ အမူအရာက ရိုးရိုးမျက်လုံးဖြင့် မြင်ရနိုင်သောအရှိန်ဖြင့် ပြိုကျသွားသည်။ သူရှင်းပြရန် ပါးစပ်ဖွင့်လိုက်သော်လည်း ဤတစ်ကြိမ်တွင် သူ့ဦးနှောက်က အနည်းငယ် အပိုးကျိုးသွားပုံပေါ်သည်။ ထို့ကြောင့် သူ၏ရာထူးကို တိုက်ရိုက်မပြောနိုင်ပေ။

ပြဿနာကို ကုစားလို့ရသေးမှန်း စစ်ဗိုလ်တွေ့လိုက်သောအခါ ကျသင့်ငွေချက်ချင်းရှင်းလိုက်ပြီး ချီယူကို အဝေးသို့ ဆွဲခေါ်သွားသည်။

ထွက်ခွာသွားသော ချီယူနှင့် အခြားလူများ၏ နောက်ကျောကိုကြည့်ကာ ချင်းယွင် ခွက်တစ်ခွက်ကိုမယူ၍ သူ့ပါးစပ်ထောင့်စွန်းမှ အပြုံးကို ကွယ်လိုက်သည်။ သူထိုလူ၏ ရာထူးအား ဖော်ထုတ်လိုက်ပြီး အကျဉ်းချထားကာ အချိန်ကောင်းလေး ဖြတ်သန်းစေချင်သော်လည်း ချီယူကမြောက်ပိုင်းစစ်တပ်အား ချုပ်ကိုင်ထားသည်ကို သူသိနေသည်။ ချီယူတစ်ခုခုဖြစ်သွားလျှင် မြောက်ပိုင်းစစ်တပ်က သူတို့ခေါင်းဆောင်ကို ကာကွယ်ရန်အတွက် လာတိုက်ခိုက်မည်မှာ သေချာသည်။ ထို့အခါ မလိုအပ်သော အနှောက်အယှက်များဖြစ်လာလျှင် အကျိုးနည်းလိမ့်မည်။

ထို့အပြင် သူကချန့်ကျိုးမှပြဿနာကို ဖြေရှင်းရန်အတွက် အမြန်သွားနေသည်ဖြစ်ရာ ဤယောက်ျားနှင့် ကစားရန်အချိန်မရှိပေ။

*****

ချီယူတို့ စခန်းကို ရောက်သောအခါ စစ်ဗိုလ်ကသူ့ကို ဒူးထောက်မတတ် ဒုက္ခသုက္ခခံ၍ စည်းရုံးတော့သည်။ " ကျွန်တော့်ရဲ့ ဗိုလ်ချုပ်ကြီးရယ်။ ဗိုလ်ချုပ်ကြီးရဲ့ ခံစားချက်တွေကို အထိန်းအကွပ်မဲ့ လွှတ်ပေးလိုက်လို့ မဖြစ်ဘူးလေ။ ဒီနေ့ အဲ့ဒိအစောင့်အကြပ်တွေကသာ ဗိုလ်ချုပ်ကြီးနဲ့ ကျွန်တော့်ကို မှတ်မိသွားရင်....."

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now