122

7.2K 1.5K 74
                                    

ရှန်ချန်ယွီ၏ ဝေ့ရှီအန်းအား နှစ်သက်မှုကို တစ်နည်းတစ်ဖုံဖြင့် ဖော်ထုတ်ခံလိုက်ရသောအခါ ရှန်ချန်ယွီသည် လှောင်ပြောင်သရော်ခံစရာဖြစ်လာခဲ့သည်။ သူက ဂေးဖြစ်နေသည့်အတွက် လူအချို့က ရွံရှာကြပြီး လူအများစုမှာ သူ၏ပမာမခန့်လုပ်ရပ်ကြောင့် လှောင်ပြောင်နေကြသည်။

အချို့လူများက ရှန်ချန်ယွီမှ သူ၏ခံစားချက်များအား ဖော်ပြရန်အတွက် ရေးဖွဲ့ထားသော သီချင်းကိုပင် လူအများကြည့်ရာ သတင်းဘုတ်ပေါ်တွင် တင်လိုက်ပြီး အကြီးအကျယ်သရော်ခဲ့ကြသည်။

ရှန်ချန်ယွီအကြောင်းပါလာသည်နှင့် တစ်စုံတစ်ယောက်သည် မလိုမုန်းထားမှုများပါသော အတိတ်မည်းကြီးကို ထုတ်ပြလိမ့်မည်။ ယခုအခါ သူက ဝေ့မိသားစုထံမှ ငါးရက်မျှ လာကြိုခံရပြီးနောက် ပြန်ကန်ထုတ်ခံလိုက်ရသည်။ သဘာဝကျစွာပင် သူသည်လှောင်ပြောင်သရော်ခံစရာ ကုန်ပစ္စည်းအသစ်ဖြစ်လာသည်။

ဘေးတစ်ဝိုက်မှ လှောင်ပြောင်သံတိုးတိုးများကို နားထောင်ရင်း ချင်းယွင်ဒေါသမထွက်ပေ။ ဤသို့လှောင်ပြောင်ခြင်းမှာ အနည်းငယ်ပင်နောက်ကျသည်ဟု သူတွေးမိသည်။

သို့သော် ယခုအချိန်သည်လည်း အချိန်ကောင်းပင်။ ချင်းယွင် ဖုန်းအားဖွင့်ကာ ဝေ့ချန်းရှုပို့လိုက်သော စာတိုအနည်းငယ်ကို ကြည့်လိုက်သည်။ စာတိုတစ်ခုတွင် သူက ဂျာမနီသို့ ယနေ့လေယာဉ်စီးသွားရမည်ဖြစ်ပြီး နောက်ရက်အနည်းငယ်အထိ ပြန်လာမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

စာသင်ချိန်ပြီးနောက် ချင်းယွင် သန့်စင်ခန်းထဲသို့ ဝင်သွားသောအခါ ရှန်ချန်ကျင်းနှင့် ထိပ်တိုက်တွေ့သည်။

"အဆင်ပြေရဲ့လား။ ဝေ့မိသားစုဆီကနေ ဝေးဝေးနေရတာကို နေသားကျသွားပြီလား။ အိမ်ကိုကော အလည်လာချင်လား။"

ရှန်ချန်ကျင်းကလှောင်ပြောင်ပြောဆိုနေသော်လည်း အသံအနေအထားမှာ သူ၏ညီအစ်ကိုကို တကယ်ဂရုစိုက်နေပုံနှင့်တူပြီး သူ့မျက်လုံးများထဲမှ ဘဝင်ခိုက်နေပုံကိုသာ ထိန်းချုပ်လိုက်လျှင် ပို၍ပီသလာလောက်သည်။

ရှန်ချန်ကျင်းအား ခပ်ပေါ့ပေါ့ ကြည့်လိုက်ပြီး ချင်းယွင်စဉ်းလဲစွာ ပြုံးလိုက်သည်။ "ငါသွားတော့ကော မင်းဝင်နိုင်လို့လား။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now