149

4.8K 1K 68
                                    

"မကောင်းတော့ဘူး။ အစီအရင်အသက်ဝင်သွားပြီ။" ကျန်းရုန်သည် နဂိုကထွက်ပေါက်ရှိရာသို့ ချက်ချင်းပြေးသွားသော်လည်း သူ့ဘေး၌ အက်ကွဲကြောင်းတစ်ခုပေါ်လာကာ သူ့ဝတ်ရုံ၏တစ်ဝက်ခန့်အား ဆွဲယူသွားသည်။

ကျန်းရုန်က စုယွမ်အားအကူအညီတောင်းရန်ခေါ်ချင်သော်လည်း သူလှည့်ကြည့်လိုက်သောအခါ စုယွန်ကနေရာ၌သာ ကြက်သေသေနေကာ ကျန်းရုန်၏အလောင်းကောင်ကို အလွန်အမင်းဆိုးရွားသောအမူအရာဖြင့် ကြည့်နေသည်အား တွေ့လိုက်ရသည်။

"မင်းဘာလို့ အဲ့မှာကြက်သေသေနေတာလဲ။ ကျင့်ကြံသူစု ဒီလိုဘေးကျပ်နံကျပ်အချိန်မျိုးမှာ ငါတို့..."  ကျန်းးရုန်စကားပြော၍ မပြီးသေးခင်မှာပင် စုယွမ်က ကျန်းချန်၏ အလောင်းကောင်ရှိရာသို့ မာဆတ်ဆတ်လျောက်သွားသည်။ သူက ကျန်းချန်၏နေရာလွတ်ထဲမှ ထွက်ကျလာသော မှော်လက်နက်ကို လက်ဆန့်၍ဆွဲယူလိုက်သည်။

ကျန်းရုန်က သူဘာကိုင်ထားသည်ကိုတွေ့ကာ ချက်ချင်းရှင်းပြသည်။ "ရောင်းရင်း ကျင့်ကြံသူစု၊ ဒီမှော်လက်နက်ကို ကျန်းချန်က မထင်မှတ်ဘဲရထားတာပါ။"

သို့သော် စုယွမ်က သူ့ကို ပြတ်ပြတ်သားသား လစ်လျူရှုထားသည်။ ထိုအစား စုယွမ်က သူ့ဘာသာမန္တန်တစ်ပုဒ်ရွတ်လိုက်ပြီး သူ၏ကိုယ်ပိုင်သွေးကို ကျန်းချန်၏အလောင်းကောင်ပေါ်သို့ တစ်စက်ချလိုက်သည်။ ရုတ်ချည်းပင် အနီရောင် ရောင်ခြည်တစ်ခုထွက်လာပြီး စုယွမ်၏မျက်လုံးများ ချက်ချင်းနီရဲသွားသည်။

ကလဲ့စားလား။ ကလဲ့စားချေတာလား။ ရန်သူက သူ၏ဘေး၌ ရှိနေသော်လည်း သူကမျက်လုံးကန်းနေကာ အမှန်တရားအား လုံးဝမမြင်ခဲ့ပေ။

ကျန်းရုန်က စုယွမ်၏အမူအရာအားကြည့်ကာ ပျောက်ကွယ်သွားစေသည့် မှော်မန္တန်တစ်ခုသုံးလိုက်သည်။ ဤဘေးကျပ်နံကျပ် အစီအရင်ထဲတွင် ဘေး၌ရန်သူတစ်ယောက်ရှိနေပါက အခြေအနေသည်အလွန်ဆိုးရွားသွားလိမ့်မည်။

******

လျှို့ဝှက်တိမ်တောင်ကြားပွင့်သွားသောအခါ အပြင်ဘက်မှ ကျင့်ကြံသူများက အထဲဝင်ရန် အလုအယက်ကြိုးပမ်းနေကြသည်။ စိတ်ဝိညာဉ်အခြေတည်စအဆင့်အထက်မှ နောက်ဆုံးတစ်ယောက် ဝင်ပြီးသွားသောအခါ လျှို့ဝှက်တိမ်တောင်ကြား၏ ဝင်ပေါက်ပိတ်သွားသည်။ ထိုအချိန်တွင် အစီအရင် အသက်ဝင်လာပြီး အခြေတည်စကျင့်ကြံသူများနှင့် အတိဒုက္ခအဆင့်မှ စွမ်းအားကြီးသူများအားလုံးသည် လျှို့ဝှက်တိမ်တောင်ကြား၏ လှောင်ချိုင့်ထဲ၌ ပိတ်မိသွားကြသည်။ အလေးအမြတ်ကျင့်ကြသူဂိုဏ်းမှ ထုတ်ပေးထားသော ဖြတ်ပိုင်းသည်ပင် အသုံးမဝင်တော့ချေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now