97 (Arc 8)

12.5K 1.4K 92
                                    

ဇာများ၊ အလွန် လှပသောပိတ်ကျဲများနှင့် ချုပ်ထားသော စကတ်ကားကားက ချင်းယွင်၏တစ်ကိုယ်လုံးနီးပါးကို ဖုံးအုပ်ထားသည်။ မည်သို့ပင်ဆိုစေ သူပထမဆုံး သတိထားမိသည်မှာ စကတ်မဟုတ်ဘဲ သူ့ရင်ဘတ်မှ ထိုးထွက်နေသော အလုံးနှစ်လုံးသာဖြစ်သည်။

ဘာမှနားမလည်သောမျက်နှာဖြင့် ချင်းယွင်ကခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ဖြင့် ဂရုတစိုက်စစ်ဆေးမိသည်။ သူ့လက်ရှိခန္ဓာကိုယ်၏ လိင်အမျိုးအစားအရ ထိုကဲ့သို့သောအရာများ ထွက်လာရန်မဖြစ်နိုင်သည်မှန်း ချင်းယွင်လုံးဝသေချာသည်။

'ရင်ဘတ်' ကို ခံစား၍မရမှန်း သိသွားသဖြင့် ချင်းယွင်ထိတ်ပျာမနေတော့ပေ။ ၎င်းသည် သူ၏ခန္ဓာကိုယ်ကို တွယ်ကပ်နေသော အဝတ်စအစိတ်အပိုင်းနှင့်သာတူသည်။ သို့သော် မှော်ပညာက အထင်ကြီးဖွယ်ပင်။ သူ၏ ပုခုံးများ၊ လည်တိုင်နှင့် ရင်ဘတ်၏ အရှေ့ပိုင်းနေရာအများစုက ပေါ်နေသော်လည်း 'ရင်ဘတ်' ကအတုအယောင်ဟူသည့် သဲလွန်စမရှိပေ။

ဤအံ့ဖွယ်ဖြစ်ရပ်ကို သတိထားမိသောအခါ ချင်းယွင်ထိုအလုံးနှစ်လုံးကို ဖြုတ်ကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အလွန်တင်းကြပ်နေသော ဗိုက်ချပ်ခါးစည်းကို ဖြဲပစ်ချင်မိသည်။ သို့သော် ထိုအချိန်တွင် သူခုထိုင်ထားသော ကူရှင်က ရုတ်တရက်လှုပ်သွားကာ ချင်းယွင်စီးနေသည့် တန်ဖိုးကြီးရထားလုံး ရပ်တန့်သွားသည်။

"မင်းသမီး၊ ညနေစောင်းနေပါပြီ။ ဒီနေရာမှာ ရပ်တန့်ချင်ပါသလား။" ခေါင်းပြူကြည့်လာသူမှာ ရွှေရောင်ဖျော့ဖျော့ဆံပင်များ၊ အပြာရောင်မျက်လုံးများနှင့် နတ်သူငယ်ဖြစ်ပြီး ပါးလွှာကာချွန်သော နားရွက်များမှာ အလွန်ထင်ရှားနေသည်။

"အင်း" သူ၏စိတ်ထဲသို့ ရုတ်တရက်ဝင်ရောက်လာသော အချက်အလက်များကို ပိုက်စိပ်တိုက်ရှာရင်း ချင်းယွင် ညင်သာစွာခေါင်းညှိတ်ပြလိုက်သည်။ သူ၏ပုခုံးပေါ်မှ ရွှေရောင်ဖျော့ဖျော့ဆံပင်ခွေများက သူ၏လှုပ်ရှားမှုနှင့်အတူ လျှောကျသွားကာ မြောက်ကြွမြောက်ကြွ ဖြစ်နေသည်။

'မင်းသမီး' ၏ နူးညံ့မှု တစိုးတစိမျှမရှိသည့် အသံကိုကြားသောအခါ နတ်သူငယ် စီရိုဒီ အသက်ရှူမှားသွားသည်။ ထို့နောက် သူလေးလေးစားစားပြန်ဖြေကာ လက်ထဲမှ လိုက်ကာကို ပြန်ချလိုက်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now