74

7.9K 1.4K 109
                                    

ယိုဒါ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာထားအား တွေ့သောအခါ ဖုန်းဖေ့မင်က ရှင်းပြသည်။ " ရှန်မင်းရယ်ရဲ့အရင် အပြုအမူတွေက ကျွန်တော့်ကို ထင်ယောင်ထင်မှား ဖြစ်စေဖို့အတွက်ပဲ။ သူက အကြာကြီးစောင့်နေခဲ့ပြီး နောက်ဆုံးမှာတော့ လှုပ်ရှားလာပြီ။ ဒီနေ့လည်းသူ သန့်စင်ခန်းကို တကယ်သွားတာ မဟုတ်ဘူးမလား။ "

"ဒီရက်ပိုင်းအတွင်း သူ့အပြုအမူတွေက အရမ်းထူးဆန်းနေတယ်။ မိသားစုခေါင်းဆောင် အမှတ်အသားကိုရဖို့ သူကြိတ်ကြံနေတာ။ ပြန်ရောက်ရင် သူမိသားစုတွင်း အစည်းအဝေးလုပ်ပြီး ကျွန်တော့ဆီက အာဏာလုတော့မယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် ကျွန်တော့်ဘက်ကလည်း ပြင်ဆင်ထားပါတယ်။ သူဒီနေ့ ပက်တာဆန်မိသားစုဆီ ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး။ "

ဖုန်းဖေ့မင်က သူ၏ကလိမ်ကျရက်စက်မှုကို ယိုဒါ၏ အရှေ့တွင်ဘယ်တုန်းကမှ မဖုံးကွယ်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ထိုယောက်ျားက သူ၏စီးပွားရေးကိစ္စတွင် ပြတ်သားမှုကြောင့် စတင်စိတ်ဝင်စားလာပြီး တဖြည်းဖြည်းချစ်မြတ်နိုးလာကြောင်း သူသိသည်။

သို့သော် ယခုဖုန်းဖေ့မင်၏ ဥပက္ခာကို ယိုဒါလက်ခံရန် ခက်ခဲလွန်းသည်။

"မဟုတ်ဘူး..မဟုတ်ဘူး။ "ဖုန်းဖေ့မင်၏ စကားများကို သဘောပေါက်ရန် ယိုဒါအချိန်ယူလိုက်ရပြီး လူငယ်လေးအတွက် ဖြေရှင်းပေးချင်သည်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သူ့အပြုအမူတွေက မူမမှန်ဖြစ်နေတာလား။ အဲ့ဒါတွေအကုန်လုံးက မင်းကိုလက်ဆောင်ပေးဖို့ လျှို့ဝှက်ပြင်ဆင်နေလို့လေ။

သူဖုန်းဖေ့မင်အား ယုံရခက်စွာ ကြည့်လိုက်သည်။ သူ့ကို ဤမျှနှလုံးသားမာကျောမည်ဟု မထင်ထားပေ။ ဘေးလူဖြစ်သော သူပင် အရင်ရက်ပိုင်းအတွင်းက ရှန်မင်းရယ်အပြုအမူများ၏ အကြောင်းပြချက်ကို မြင်နိုင်သည်။ သို့သော် လူငယ်လေးနှင့် အတူကြီးပြင်းလာသော ဖုန်းဖေ့မင်က ဤမျှကြီးကြီးမားမား အထင်လွဲနေသည်။

ဒီတစ်ယောက်က ရှန်မင်းရယ်ကို ဘယ်လိုလူမျိုးလို့ ထင်နေတာလဲ။ လူငယ်လေးလုပ်သမျှ အပြုအမူအားလုံးကို ဖုန်းဖေ့မင်ရဲ့ မျက်လုံးထဲမှာ မကောင်းတဲ့ရည်ရွယ်ချက်လို့ပဲ မြင်နေတာလား။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now