66

8.1K 1.4K 64
                                    

အလွန်ရှုပ်ထွေးသော လူများနှင့်အတူ နေ့လယ်စာစားခြင်း ပြီးဆုံးရန် အချိန်အတော်ကြာခဲ့သည်။

နေ့လယ်စာစားပြီးနောက် ရှန်မင်းရယ် အိပ်ချင်လာသဖြင့် ပါးစပ်ကိုအုပ်ကာ အနည်းငယ်သန်းလိုက်သည်။

အေဟတ်က လူငယ်လေး၏ သွားစွယ်လေးများအား ကြည့်နေပြီး အရှေ့တိုးလာကာ ခဏသွားအိပ်မလားဟု အိမ်အကူလေသံဖြင့် မေးလိုက်သည်။

"ဟင့်အင်း။ ကျွန်တော် မအိပ်ချင်သေးဘူး။ " လူငယ်လေးက ဖုန်းဖေ့မင်နှင့် အချိန်အနည်းငယ် ထပ်နေချင်သေးသည်မှာ ထင်ရှားသည်။ သူထပ်သန်းသည်ကို မထိန်းနိုင်သော်လည်း ဆက်တောင့်ခံနေတုန်းပင်။

ရှန်မင်းရယ်သန်းနေသောကြောင့် ဖုန်းဖေ့မင်ပင် နွေးထွေးစွာမေးလိုက်သည်ကို တွေ့သောအခါ ယိုဒါ၏နှလုံးသားထဲ မနာလိုမှု ဖြစ်လာသည်။ ထို့ကြောင့် သူ့လက်ဆောင်ကို အချိန်ကိုက်ထုတ်လိုက်ပြီး ဖုန်းဖေ့မင်၏ အာရုံစိုက်မှုကို လုယူလိုက်သည်။

"ဖုန်း။ မကြာသေးမီက ကိုယ့်သူငယ်ချင်းတစ်ယောက်ကို C တိုင်းပြည်ကနေ လက်ဖက်ခြောက်အချို့ သယ်လာပေးဖို့ မေးထားတယ်။ မင်း မြည်းကြည့်ချင်လား။ "

ဖုန်းဖေ့မင်က ဤအရာများအပေါ် အလွန်နှစ်သက်ကြောင်း ယိုဒါသိသည်။ မျှော်လင့်ထားသလိုပင် သူ့စကားများကိုကြားသောအခါ ဖုန်းဖေ့မင်က ချက်ချင်းကြည့်လာသည်။

ယိုဒါက ပြုံးလိုက်ပြီး ဖုန်းဖေ့မင်ကြိုက်သော မဂ်လာရှိသည့်တိမ်ပုံစံအလှဆင်ထားသော ဘူးသေးလေးကို ထုတ်လိုက်သည်။

"မင်းက အရမ်းအလုပ်များမနေတဲ့ ပုံပဲ။ မဟုတ်ရင်မင်းမှာ ဒီလိုပစ္စည်းမျိုးကို ရှာဖို့အချိန်တောင်ဘယ်လိုရှိနိုင်မှာလဲ။ " ဖုန်းဖေ့မင်၏ လေသံတွင် စနောက်နေပုံပေါ်သော်လည်း သူက ယိုဒါ၏ အလေးပေးမှုကြောင့် အလွန်အမင်း ကျေနပ်နေကြောင်း ထင်ရှားသည်။

"ကိုယ်ဘယ်လောက် အလုပ်များနေနေ မင်းကြိုက်တတ်တာလေးတွေကို သတိရပါတယ်။ " ယိုဒါ၏ ဖုန်းဖေ့မင်အပေါ် အကြည့်မှာတောက်လောင်နေသည်။ ရှန်မင်းရယ်၏ တည်ရှိမှုက တကယ်အသုံးဝင်သွားတာဖြစ်ရမည်။ ယိုဒါ၏ ဖုန်းဖေ့မင်အပေါ် မှတ်ယူမှုက ရိုးရိုးသူငယ်ချင်းများကဲ့သို့ မဟုတ်တော့ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now