22

10.9K 1.6K 97
                                    

ဒီတစ်ခေါက် ရောက်လာတာတော့ မြန်သားပဲ။ ရောက်လာသူဘယ်သူဆိုတာ သူ့ခြေမကိုမြင်ရုံနှင့် Qing Yun သိသည်။ သူကတူများကို ချက်ချင်းအောက်ချလိုက်ပြီး သူ၏ အမူအရာက စိုးရိမ်နေသည့်ပုံ မပေါ်ပေ။

အမေ Xiao ကထိုအဖြစ်ကိုကြည့်ပြီး ဂရုတစိုက်မေးခဲ့သည်။ "ရန်ဖြစ်ခဲ့တာလား။ "

အမေ Xiao နှင့် Xiao Chengnuo တို့ထက် စိတ်လှုပ်ရှားနေသူမှာ အဖေ Xiao နှင့် Xiao Chengzhe ပင်။ သူတို့နှစ်ယောက်က ချက်ချင်းမတ်တပ်ထရပ်ကာ တံခါးကိုစိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့နှစ်ယောက်လုံးက Zou နှင့်စပ်တူလုပ်ဖို့ကို အလွန်အရေးထားပြီး Xiao Chengzhe အတွက် ထိုဖက်စပ်လုပ်ငန်းသည် သူ Xiao အုပ်ချုပ်သူ အောင်မြင်စွာဖြစ်လာရေးတွင် အဓိကသော့ချက်ဖြစ်သည်။

အဖေ Xiao အတွက် Xiao ဆေးဝါးကုမ္ပဏီက သူ၏သားနှစ်ယောက်ထက်ပိုအရေးပါသည်။ Xiao ဒီ့ထက်ပိုတိုးတက်ဖို့က သူ၏တစ်သက်တာ အိပ်မက်ဖြစ်သည်။

အကျဉ်းချုံးရလျှင် တူညီသော စားပွဲတစ်ခုထဲ၌ ထိုင်နေသော်လည်း Xiao Chengzhe, အဖေ Xiao, အမေXiao နှင့် Xiao Chengnuo တို့၏ အတွေးများ မတူညီကြပေ။

ရောက်လာသူက Zou Chen မှန်းသိသောအခါ အဖေ Xiao နှင့် Xiao Chengzhe အံ့သြသွားပြီး သူတို့၏နှလုံးသားများက အပျော်များပြည့်သွားသည်။

အချက်ကျကျပြောရလျှင် ဥက္ကဋ္ဌ ဖြစ်သော Zou Chen ကိုယ်တိုင် Xiao မိသားစုထံ ရောက်လာခြင်းက Zou ကထိုစပ်တူလုပ်ငန်းတွင် စိတ်ဝင်စားသည်ဟု သက်သေပြသည်။

သူတို့၏ စိတ်ထဲတွင် Xiao Chengnuo နှင့်ပက်သက်၍ အလေးအနက်မတွေးထားပေ။ အဖေ Xiao ၏ နှလုံးသားက Xiao Chengnuo အတွက် အနည်းငယ်နူးညံ့လာသော်လည်း သူက Xiao Chengnuo ကို ဘာမှမတတ်ဘဲ ဘာမှအောင်မြင်မှုမရှိသည့် ဒုတိယသားအဖြစ်သာ မြင်ထားသည်။

Xiao Chengzhe ကတော့ ယခုအခါ ဂုဏ်ယူမှုများဖြင့်ပြည့်နေသည်။ သူက Zou Qiyao ၏ လုပ်နိုင်စွမ်းက ဤမျှမြင့်မည်ဟု မထင်ထားပေ။ မွန်းလွဲကပင် သူတို့နှစ်ယောက်ဖုန်းပြောခဲ့ပြီး ညနေပိုင်းတွင် သခင် Zou က Xiao မိသားစုထံ ကိုယ်တိုင်လာရောက်ခဲ့သည်။

ထိုနှစ်ယောက်က Xiao Chengnuo ကိုထည့်မတွေးသည်မှာလည်း အံ့သြစရာမလိုပေ။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့် သုံးနှစ်က အဖြစ်အပျက်ကလွဲ၍ Xiao Chengnuo နှင့် ၊Zou Chen ကြားအခြားသော ကောလဟာလများမရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး Zou Chen ကို Xiao Chengnuo ကြောင့်လာသည်ဟု မထင်ကြပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now