152.2

4.6K 1K 41
                                    

"ဟ၊ ခင်ဗျားတို့နှစ်ယောက်က ဒီမှာပဲ။" ချင်းချန်၏အသံထွက်လာပြီး အခန်းထဲမှ နားလည်ရခက်သော စိတ်မကောင်းဖွယ်ဖြစ်ရပ်အား နှောင့်ယှက်လိုက်သည်။

"ဒီမှာ စားပွဲတစ်ခုရှိနေတာတွေ့လို့ ငါတို့ တစ်ချက်လောက်လာကြည့်တာ။" မင်းရန်က ချင်းချန်အား ရှင်းပြနေသော်လည်း သူ၏အကြည့်များမှာ ကြီးမားစွာရိုက်ခတ်ခံထားရသော ချင်းယွင်ထံတွင်ပင်။

ပူဇော်စားပွဲပေါ်မှ ကမ္ပည်းတိုင်းကို တွေ့သောအခါ ချင်းချန်က အခိုက်အတန့်မျှ တိတ်သွားသည်။ သူက လျှောက်သွားကာ ကမ္ပည်းတိုင်ပေါ်မှ ဖုန်များအား ကျွမ်းကျွမ်းကျင်ကျင် ဖယ်လိုက်ပြီး အမွှေးတိုင်တစ်ချောင်းထွန်း၍ ပြုံးကာရှင်းပြသည်။ "မင်းတို့နှစ်ယောက်လည်း ချင်းယွင်နဲ့ ငါတို့ချင်းမိသားစုကြားက ပက်သက်မှုကို သိမှာပေါ့။"

"ဒီကမ္ပည်းတိုင်က ချင်းယွင်ရဲ့အဖေ၊ ငါတို့မိသားစုရဲ့ ငါးဆယ့်သုံးဆက်မြောက် အကြီးအကဲအတွက်လေ။ သူက ငါတို့ချင်းမိသားစုရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ကျင့်ကြံဆင့်အမြင့်ဆုံး၊ အစွမ်းဆောင်နိုင်ဆုံး အကြီးအကဲပဲ။"

"အိုး ဟုတ်လား။ ဒါဆို မင်းတို့က သူ့ကိုဘာလို့ ဒီနေရာမှာ ထားထားတာလဲ။" မေးသူမှာ ချင်းယွင်ဖြစ်ပြီး သူ၏အသံမှာ ထူးဆန်းစွာအက်ရှနေသည်။

"ဒါ အကြီးအကဲ ချင်းကျန့်ရဲ့ နောက်ဆုံးဆန္ဒလေ။" အမြဲတမ်း ဂရုမစိုက်တတ်ဟန်ပေါ်သော ယွင်ချင်းမှ ဘာကြောင့်မေးလာသည်ကို ချင်းချန်မသိသော်လည်း သူက ပွင့်လင်းကာ ဤကိစ္စနှင့်ပက်သက်၍လည်း ဘာမှဖုံးကွယ်စရာမရှိဟု ထင်သဖြင့် ရှင်းပြလိုက်သည်။ "အကြီးအကဲချင်းကျန့်နဲ့ သူ့ဇနီးတို့ ချင်းယွင်ကိုမွေးတုန်းက သူတို့သားက နိမိတ်မကောင်းဘူးလို့ ကျင့်ကြံရေးလောကမှာသတင်းထွက်လာပြီး ချင်းယွင်ကို သတ်ဖို့ အကြီးအကဲ ချင်းကျန့်ကို ဖိအားပေးခဲ့တယ်။ ဒါပေမဲ့ အကြီးအကဲချင်းကျန့်က ချင်းယွင်ကို ဘိုးဘေးခန်းမထဲမှာ ပျိုးထောင်ဖို့ကြိုးစားခဲ့တယ်။ အကြီးအကဲရဲ့ဇနီးကလည်း အဲ့ကိစ္စကြောင့် ချင်းမိသားစုအိမ်ကနေ ထွက်သွားပုံပဲ။"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now