ဆယ်နှစ်ကြာပြီးသော်
အမေ Lin က ထောင်မှ လွတ်လာသည်။
အမေ Lin ၏ နာမည်က Lin Yuxia ဖြစ်ခဲ့သည်။ သူမ ကလေးဘဝတည်းကပင် သူမ၏ အလှအပကြောင့် လူသိများခဲ့ပြိး ထိုအရာများသည် လူသားတို့၏ စိတ်ကို ဆွဲဆောင်နိုင်ရန် လိုအပ်ကြောင်း သိခဲ့သည်။ သူမ Lin Yuhao ၏ အဖေကို လက်ထပ်ခဲ့သည်မှာ သူမအပေါ် နာခံသောကြောင့်ဖြစ်သည်။ နာခံတတ်တာက ဘာသုံးစားလို့ရမှာလဲ။ မပြည့်စုံတာက မပြည့်စုံတာပင်။
Qing Haolin နှင့်တွေ့သောအခါ သူမက သူ့ကို သေခါနီးအခါတွင် ကောက်ရိုးမျှင်ကိုပင် လှမ်းဆွဲသကဲ့သို့ ဆွဲဆောင်ခဲ့သည်။ သူ့ကို သူမက နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရသည်ဟု ထင်အောင် ပြုလုပ်ပြီး သူ၏ ကြင်နာတတ်သော နှလုံးသားကို သုံးကာ ဖမ်းစားခဲ့သည်။
၁၈ နှစ်ကြာသော် Lin Yuhao ပေါ်လာသည်။ ထိုအခါ သူမကနောင်တရခဲ့သည်။ Lin Yuhao ၏ သူမအပေါ် သဘောထားကို တွေ့သောအခါ သူ၏ ဖခင်ကို မကွာရှင်းခင် သုံးခဲ့သော မုသားများကို သတိရသွားသည်။ သူမက Lin Yuhao ကို ကြည့်ပြီး သူဘာလိုချင်တယ် ဆိုတာကို သိခဲ့သည်။ သူက ရှေးဟောင်း တိုက်ခိုက်ရေး လောကကို ဝင်ရောက်ရန် အကြောင်းပြချက်တစ်ခု လိုချင်ခဲ့သည်။
တစ်ယောက်ယောက်က ပို၍ မြင့်သော နေရာများကို သွားချင်လျှင် ရွေးချယ်ရတာသည် သိပ်မခက်ခဲပေ။ Lin Yuhao က သူမကို သူ့အတွက် နာမည်ကြီးရန် အသုံးချချင်ပြီး သူမက ဒုတိယတန်းစား မိသားစု၏ သခင်မ ဖြစ်ရခြင်းကို ငြီးငွေ့နေခဲ့သည်။
ထိုအချိန်က နှစ်တစ်နှစ်၏ အလိမ်အညာများက ကြာကြာမခံမည်ကို သိသော်လည်း။ အဲ့ဒါက အရေးမပါပေ။ သူတို့နှစ်ယောက် စိတ်ဝင်စားသည့် အရာများ ကိုသာ အလေးထားခဲ့သည်။ အလိမ်အညာများက အချိန်ကြာလာလျှင် အမှန်တရား ဖြစ်လာလိမ့်မည်။
သူမကို အံအားသင့်စေခဲ့သူကတော့ Qing Yun ပင်။ သူမ တုံးအသွားအောင် ပစ်ထားခဲ့သည့် ထိုကလေးပင်။
၎င်းကိုတွေးပြီး အမေ Lin က သူမရှေ့မှ Suit ဝတ်ထားသောသူကို ကြည့်လိုက်သည်။ ယခင်က Nie မိသားစု၏ ဆက်ခံသူ။ ယခု Nie မိသားစု ခေါင်းဆောင်ပင်။ သူ၏ ကျင့်ကြံဆင့်ကို ပထမကောင်းကင်ဘုံ ရောက်နေပြီ ဟု ကောလဟာလများလဲ ထွက်နေသည်။ သူက ရှေးဟောင်း တိုက်ခိုက်ရေးနည်းပညာဘက်တွင် အင်အားမချဲ့ထွင်ဘဲ Nie Chenyuan က Nie မိသားစုကို စီးပွားရေးလောကသို့သာ ဆောင်ယူသွားခဲ့သည်။
YOU ARE READING
ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီး
Romanceဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိုးစားနေသည်။ သူ့ကိုမသတ်နိုင်သေးခြင်းသာ။ မကျန်းမာ၍အိပ်ရာထဲတွင် လူသေကောင်ကဲ့သို့လှဲနေစဉ်က သူ့ဘဝသည် သေသည...