28

9.3K 1.4K 68
                                    

အသံလုံသည့်နံရံများကြောင့် အသံမထွင်းဖောက်နိုင်သော်လည်း Chris ၏အကြားအာရုံက အလွန်ကောင်းပြီး Jorah ၏အသံကလည်းအခြားကမ္ဘာမှ လာသကဲ့သို့ ဖောက်ထွက်နိုင်သည့်အစွမ်းရှိနေသည်။

ထို့ကြောင့်နူးညံ့သည့် တေးသီသံလေးကို Chris နားမှကြားနေရသည်။

ထိုလူငယ်လေး၏အသံက နာကျင်မှုကြောင့် တည်ငြိမ်မနေသော်လည်း ၎င်းက Chris ၏ငယ်ဘဝကို သတိရမိစေသည်။ စိုက်ပျိုးမြေမှ ရွှေရောင်ဂျုံခင်းကြီး၊ကြည်လင်သောမိုးေကာင်းကင်၊ မနက်ပိုင်းရှိ ငှက်များ၏ ကျလိကျလိအသံများ။

သူရပ်ပြီး ပို၍ကောင်းကောင်းကြားရန် အခန်းဘက်သို့ကိုင်းပြီး နားေထာင်မိသည်။

Apollon ကChris ပေါ်၌ စက်တပ်ထားသော်လည်း Chris ကထိုအရာအတွက်ပြင်ဆင်ထားသည်။ သူက ထိုစက်ကိုဆိုင်းငံ့နိုင်သော ကိရိယာတစ်ခုဆောင်ထားသည်။ သို့သော် သူ၎င်းကိုသုံးနိုင်သည့် အကြိမ်ရေက အကန့်အသတ်ရှိသည်။

သူက တန်ဖိုးရှိသည့် ဆိုင်ငံ့ချိန်များကို ယခုကဲ့သို့အခြေအနေအတွက် သုံးရမည်ဟုဘယ်တော့မှ မထင်ထားပေ။

Chris ကနံရံပေါ်မှီကာ သီချင်းကိုနားထောင်ရင်း အာရုံကြောများ ပြေလျော့လာသည်။

ပြည်ထောင်စုမှ သူ့ကိုရန်သူဘက်သားအဖြစ် ဟန်ဆောင်ရန် အမိန့်ပေးစဉ်ကတည်းက သူ့လုပ်ဖော်ကိုင်ဘက်များ၏ အလောင်းပေါ်ဖြတ်လျှောက်ရသည်ဖြစ်စေ၊ သူ့ကိုတစ်ချိန်က ပံ့ပိုးခဲ့သော ပြည်သားများ၏ အမုန်းနှင့် ကန့်ကွက်မှုကို ခံရသည်ဖြစ်စေ  Chris ကစစ်တပ်အမိန့်များကိုသာ တစ်ဆင့်ပြီးတစ်ဆင့် လိုက်နာခဲ့သည်။

သူက အခြားသူများကို အလင်းပြရန် သူကိုယ်တိုင် အမှောင်၌ တစ်ယောက်ထဲ လျှောက်လှမ်းခဲ့သည်။

Chrisက သူဘယ်တော့မှ ပင်ပန်းမည်မဟုတ်ဟု ထင်ခဲ့သည်။

သို့သော်ယခုအခါ သူလုံးဝမှားယွင်းခဲ့ကြောင်း သိလိုက်ရသည်။

အလွန်နူးညံ့သာယာသော သီချင်းဆိုသံလေးကို နားထောင်ပြီး အေးချမ်းတည်ငြိမ်ကာ Chris ကမိနစ်အနည်းငယ်မျှ အိပ်ပျော်သွားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now