59

8K 1.5K 93
                                    

ရှိန့်ဖုန်းနှင့် အဖွဲ့ဝင်များသည် ခရီးရှေ့ဆက်သွားကြကာ ရပ်နားရန် သင့်တော်သောနေရာကို ရှာဖွေနေကြသည်။ သူတို့က ဆင်ခြေဖုန်းဒေသတွင် အခြေချရန် ဆုံးဖြတ်ခဲ့ကြသည်။

တစ်နေ့တွင် ခရီးသွားကားကြီး ထပ်မံရပ်နားချိန်၌ တင်းရှီအန်းနှင့် လီရယ်တို့နှစ်ယောက်က ပတ်ဝန်းကျင်တွင် သင့်တော်သောနေရာ ရှိမရှိကို ကင်းထောက်ရှာဖွေရန် ထွက်သွားကြသည်။ ချန်းမင်က ချက်ပြုတ်ရန် တာဝန်ကျသည်။

သူမက ရိက္ခာများကို လှန်လှောရှာဖွေနေခိုက်တွင် လတ်ဆတ်သော အသင့်စားသစ်သီးဘူးကို အံ့အားသင့်ဖွယ်ရှာတွေ့ခဲ့သည်။ သူမက မသိစိတ်ဖြင့်ပင် အသင့်စားဘူးအားယူ၍ ချင်းယွင်ထံသို့သွားပေးချင်ခဲ့သည်။ သူမ ခါးသက်စွာ ရယ်မောမိသည်။ သူမကို စိတ်ညှို့ထားကြောင်း မှတ်ဉာဏ်များအား ရှင်းရှင်းလင်းလင်း သိနေသော်လည်း သူမအလွှမ်းခံမိုးခံနေရဆဲဖြစ်ကာ ချင်းယွင် အပေါ်အလွန်သစ္စာရှိနေသည်။

ချင်းယွင်က အစေ့အနည်းငယ်ကို ဖြုန်းတီးခဲ့ပြီး သူ့ဘာသာသူစိုက်ပျိုးခဲ့သော်လည်း နည်းနည်းလေးမျှပင်မှားယွင်းသည်ဟု သူတို့မခံစားရပေ။သို့သော် ချင်းယွင်က ထိုပျက်စီးလုနီးနီး အပင်များကို ယုယမြတ်နိုးသဖြင့် သူတို့လည်း ဂရုစိုက်မိကြသည်။

လီရယ်နှင့်တင်းရှီအန်းက ထိုပန်းအိုးများကို ပျိုးထောင်ရာ၌ ကူညီပေးချင်ကြသော်လည်း ချင်းယွင်မှာ အခြားသူများ၏ အကူအညီကို လက်မခံချင်ပေ။

ထိုအကြောင်းကိုတွေးရင်းဖြင့် ရှိန့်ဖုန်း၏ကိုင်တွယ်ဖြေရှင်းပုံ၌ တစ်ခုခုမှားယွင်းသည်ဟု ချန်းမင် မထင်မိပေ။ဤကပ်ဆိုက်နေသောခေတ်တွင် အားနည်းသူများက သန်မာသူများထံ ဩဇာခံခြင်းသည် သာမန်အဆန်ဆုံးသောကိစ္စဖြစ်သည်။ ရှိန့်ဖုန်းက သူတို့၏စွမ်းအင်များကို ကြီးကြပ်ပေးရန်နှင့် တစ်ခုခုဖြစ်ခဲ့လျှင် အားသုံးထိန်းချုပ်ပေးမည်ဖြစ်ကြောင်း ကတိပေးထားသည်။ အခြားဘာအထွန့်တက်စရာမျှ မရှိပေ။

ချန်းမင်မှာ အတွေးထဲနစ်နေသည်။ ထို့နောက် ရှိန့်ဖုန်းကားထဲမှ ထွက်လာသည်ကိုတွေ့သောအခါ အလိုအလျောက်ပင် ခေါင်းညှိတ်ပြမိပြီး ပြောလိုက်သည်။ " ခဏနေရင် ညစာအဆင်သင့်ဖြစ်ပါတော့မယ်...."

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now