71

7.7K 1.4K 77
                                    

ချင်းယွင်က အခန်းထဲမှရှုပ်ပွေဆန်းပြားသော မြင်ကွင်းကိုကြည့်ကာ မျက်ခုံးတစ်ချက်သာပင့်၍ ဘာမှတ်ချက်မျှ မပေးပေ။ သူက လူသားသဘာဝ၏ မကောင်းသည့်ဘက်ခြမ်းကို ဒီ့ထက်ပို၍ မြင်ခဲ့ဖူးရာ ဤအဆင့်လောက်မှာ သူ့ကိုယခုခြောက်လှန့်ရန် မလုံလောက်ချေ။

သို့သော် သူ့ခန္ဓာကိုယ်က အလွန်လှည့်စားတတ်သည်။ အခန်းတစ်ဝိုက်ကို ယခုကြည့်နေသော အေးစက်စက်မျက်ဝန်းများသည်ပင် သမင်လေးမျက်ရည်ဝဲနေသည့်ပုံပေါ်နေရာ အခြားလူများအတွက် သနားစရာကောင်းနေသည်။

ရော်စီ၏ အကြည့်က ချင်းယွင်ကိုသာ ကပ်တွယ်နေသည်။ သူ့ကိုယ်သူပင် မထိန်းနိုင်ဘဲ မတ်တပ်ထရပ်ကာ ကိုယ်တိုင် ကြိုဆိုရန် ပြင်သည်။ သို့သော် ထိုကဲ့သို့ လှုပ်ရှားလိုက်လျှင် အလွန်သိက္ခာကျသွားမည်စိုးသဖြင့် ခပ်တိုးတိုး ချောင်းဟန့်၍ ပြန်ထိုင်လိုက်သည်။ ဝင်ပေါ်ကမှ လူငယ်လေးကိုသာ မျက်ခုံးပင့်ပြလိုက်သည်။ "ရှန်မင်းရယ်လား။ "

ရိုင်ဆန်က ထိုအဖြစ်အပျက်ကို တွေ့ကာ ရှန်မင်းရယ်အား ဆွဲခေါ်ရန် ချက်ချင်းထလျှောက်လာသည်။

ချင်းယွင်က ရိုင်ဆန်၏ လက်ကို ရှောင်လိုက်ပြီး ခြေလှမ်းမှန်မှန်ဖြင့် ကိုယ့်ဘာသာ လျှောက်လာခဲ့သည်။ ထို့နောက် သန့်ရှင်းပုံရသော ဆိုဖာကို ရွေးကာ ထိုင်လိုက်သည်။

အခန်းထဲမှ အခြားလူများသည်လည်း လူငယ်လေးရှိရာသို့ မျက်လုံးလိုက်ရွှေ့နေကြကာ ရိုင်ဆန်ကို အပြစ်တင်လိုက်ကြသည်။ "ရိုင်ဆန်ရာ၊ မင်းလုပ်သွားတဲ့ပုံက အရမ်းရိုင်းတယ်။ ငါတို့ရဲ့ ချစ်စရာကောင်ကလေးကိုသာ နာကျင်စေမိသွားရင် ရော်စီမင်းကို သတ်လိမ့်မယ်။ "

"အရမ်း သိမ်မွေ့တာပဲ။ ရော်စီကတော့ ပြီးရင်ကောင်းချီးရတော့မယ်ထင်တယ်။ "

ဆန္ဒများ ဂနာမငြိမ်ဖြစ်လာခြင်းကြောင့် နဂိုမစောင့်စည်းတတ်သူများကအပျော့ဆွဲဆွဲသည့်ပုံစံဖြင့် စကားစပြောလာကြသည်။ သူတို့၏ စကားများမှာ ပို၍မကြားဝံ့စရာဖြစ်လာခဲ့သည်။

ချင်းယွင်က ခေါင်းမော့လိုက်ကာ ကြည်လင်သော မျက်ဝန်းတစ်စုံက ရော်စီ၏ ရင်ခွင်ထဲမှ ဆွဲဆောင်မှုရှိသော ကောင်လေးကိုတစ်ချက်ကြည့်ပြီးသောအခါမှ ဖြည်းညှင်းစွာ ပြောလာသည်။ "ခင်ဗျားက ဒါရိုက်တာရော်စီလား။ ဒီဟာက.....ကျွန်တော့်ရဲ့ ဇာတ်ညွှန်း ။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now