50

10.3K 1.6K 90
                                    

လူငယ်လေးက တစ်ဖက်လှည့်လာပြီး ကြမ်းပြင်ပေါ်ကျနေသော အဝတ်များအား ကြည့်လိုက်သည်။ သူက အခက်အခဲဖြစ်နေကြောင်း ထင်ရှားပြီး ထိုနေရာ၌ပင် အတွေးလွန်နေသော်လည်း ရှိန့်ဖုန်းနှင့်အခြားသူများအား အကူအညီမတောင်းခဲ့ပေ။ သူက သူတို့အားလုံးကို လုံးဝလျစ်လျူရှုထားပြီး သူ့ဘာသာသူတွေးနေပုံပေါ်သည်။

"သူ့အတွက် အဝတ်တစ်ချို့ သွားရှာခဲ့။ " ရှိန့်ဖုန်းက သူ့အနောက်မှ လူများအား တီးတိုးပြောလိုက်သည်။ သူလူငယ်လေး၏ ကိုယ်လုံးတီးအား တစ်ချက်ကြည့်မိလိုက်သောအခါ ပထမတစ်ကြိမ်မှာပင် သူ့မျက်လုံးထဲသို့ ပြတင်းပေါက်အပြင်ဘက်မှ နေရောင်ခြည်များ စူးဝင်လာသကဲ့သို့ ခံစားမိပြီး ချက်ချင်းအကြည့်လွှဲလိုက်သည်။

ဤကုန်တိုက်မှာ အလွန်ကြီးမားသဖြင့် အဝတ်များရှာရန် လွယ်ကူသည်။

အဝတ်တစ်စုံအား သေသပ်စွာ ယူဆောင်လာသူမှာ ရေစွမ်းအင်အကြောင်း အော်ပြောခဲ့သော အလွန်ရေဆာနေသည့် ဆယ်ကျော်သက်ကလေးဖြစ်သည်။ သို့သော် ဆယ်ကျော်သက်ကလေးက ထိုနေရာ၌ရပ်နေသော လူငယ်လေးကို ကြောက်ရွံ့နေဆဲဖြစ်သည်မှာ ထင်ရှားပြီး အဝတ်များကို ရှိန့်ဖုန်းအား ပေးလိုက်သည်။

"ဒီမှာ" ရှိန့်ဖုန်း၏ အသံဩဩထွက်လာပြီး လူငယ်လေး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သွားသည်။

လူငယ်လေးက ခေါင်းစောင်းရင်း ရှိန့်ဖုန်းကို အတော်ကြာ ငေးကြည့်နေပြီးမှလက်ဆန့်ထုတ်လိုက်ကာ ရှိန့်ဖုန်းလက်ထဲမှ အဝတ်များကို ယူလိုက်သည်။

သို့သော် ၎င်းကို ရယူပြီးနောက် လူငယ်လေးက အချို့အကြောင်းပြချက်ကြောင့် အဝတ်များကို ချက်ချင်း အောက်ပစ်ချလိုက်သည်။

ရှိန့်ဖုန်း၏ မျက်နှာကြီး ချက်ချင်းမဲမှောင်သွားသည်။ ထိုလူငယ်လေးက သာမန်လူများနှင့် အနည်းငယ် ကွဲပြားသည်ဟု သူခံစားမိသော်လည်း ဤထူးဆန်းသောအပြုအမူက သူ့ကိုအနှောက်အယှက်ဖြစ်စေဆဲပင်။

လူငယ်လေးက ရှိန့်ဖုန်းကိုလည်း မကြည့်၊ ဘာမှလည်း မလုပ်ပေ။ သူက ကြမ်းပြင်ပေါ်မှ အဝတ်များကိုသာ ငေးကြည့်နေပြီး သူ့မျက်ဝန်းများထဲ စိတ်မကောင်းမှုများ ဖြတ်သွားသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now