141

6.3K 1.2K 22
                                    

ဂလဒ်မိသားစု၏အိမ်တွင် ချင်းယွင်က ရရှိထားသော အကြေးခွံများကို နေရောင်ပြ၍လေ့လာနေသည်။ ဤကမ္ဘာမှကြယ်သားရဲကောင်မှာ ထိုယောက်ျား၏ မူရင်းခန္ဓာကိုယ်ဖြစ်နိုင်ကြောင်းကို သူသဘောပေါက်ပြီးဖြစ်သည်။

ဤသို့တွေးမိသောအခါ အကြေးခွံအားကြည့်နေသော ချင်းယွင်၏အကြည့်များအနည်းငယ် နူးညံ့သွားသည်။ သူနှင့် ထိုယောက်ျားတို့ နေထိုင်ရာဟင်းလင်းပြင်က လုံးဝမတူညီမည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် ထိုယောက်ျားက သူ့အနောက်သို့ တစ်ကမ္ဘာပြီးတစ်ကမ္ဘာ ဇွဲကောင်းစွာလိုက်နေစဉ်တွင် သူရှိနေသောဟင်းလင်းပြင်မှ စည်းမျဉ်းများထံမှ တိုက်ခိုက်ခံခဲ့ရသည်။

ထိုသို့ဆိုလျှင်ပင် ထိုအရူးက သူ့အားရှာဖွေမှုကို လက်မလျှော့ခဲ့ပေ။

သူ့ဘေးမှ ဆက်သွယ်ရေးပစ္စည်းက ဆက်တိုက်မြည်နေသည်။ သို့သော် ချင်းယွင်က ခရမ်းပြာရောင်အကြေးခွံများကိုသာ တိတ်ဆိတ်စွာ ကြည့်နေကာ နှုတ်ခမ်းနှင့်ကပ်၍ ကြင်နာစွာနမ်းလိုက်သည်။

တစ်စုံတစ်ဦးသောယောက်ျားသာ ဤမြင်ကွင်းကိုတွေ့လျှင် ကြည်နူးသွားလောက်သည်။ အဘယ့်ကြောင့်ဆိုသော် ချင်းယွင်၏အကျင့်စရိုက်အရ စိတ်ခံစားချက်အမြင့်ဆုံးအချိန်မှာပင် ခံစားချက်များကို ပြသရာ၌ ဤမျှကြင်နာမည်မဟုတ်ပေ။

ချင်းယွင်က အကြေးခွံကို ဘေး၌ပြန်ချကာ အလွန်အကျွံသောကရောက်နေသော ဟော့စ်အား ဆက်သွယ်ရေးပစ္စည်းကိုသုံး၍ စာတိုပို့လိုက်သည်။ "ဖေးလ်ရဲ့လုပ်ရပ်တွေကို ဂရုမစိုက်နဲ့။ ဒါပေမဲ့ ငါပြောတဲ့သတင်းကို ထုတ်ပြလိုက်။"

ဟော့စ်ဘက်တွင် ဘာလုပ်ရမည်ကို ရှင်းပြပြီးနောက် ချင်းယွင်သည်လည်း ဂလဒ်မိသားစု၏ လေယာဉ်ကိုသုံးကာ မြို့တော်ဂြိုလ်၏ တောင်ဘက်အစွန်ဆုံးတောအုပ်သို့ ပျံသန်းသွားသည်။

*****

လမ်းတစ်ဝက်၌ ရောက်နေသောဖေးလ်က တိုက်ရိုက်ထုတ်လွှင့်မှုစာမျက်နှာပေါ်ရှိ သတင်းကို တွေ့သောအခါမှ စိတ်သက်သာရာရကာ ပြုံးလိုက်သည်။

ဤသတင်းမှာ သူနှင့်သိသော ခေါင်းဆောင်အယ်ဒီတာတစ်ယောက်ကို အခုလေးတင်သတင်းပေးလိုက်သည့် အီလော့စ်၏မကောင်းသတင်းပင်။ သတင်းခေါင်းစဉ်က အလွန်အမင်း နှိုးဆော်နိုင်ပြီး အီလော့စ်ကို အရှင်ဧကရာဇ်၏ ဆက်နွယ်သူအဖြစ် တိုက်ရိုက်ဆက်စပ်ထားပြီး အီလော့စ်သည်သေချာပေါက်ကို အရှင်ဧကရာဇ်၏ ဆက်နွယ်သူ ဖြစ်လာမည့်အကြောင်း ဗွင်းဗွင်းရှင်းရှင်း ဖော်ပြထားလုနီးနီးပင်။ ထို့အပြင် အီလော့စ်သည် အရှင်ဧကရာဇ်ကို နှိုးဆွပေးနိုင်လိမ့်မည်ဟု ထင်ထင်ရှားရှား ပြောနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now