48

11.6K 1.6K 214
                                    

"ကျွန်တော် ရိုက်ကူးရေးလုပ်နေတုန်းလေ။ " ပိုင်ရှီးယန်က တုန့်ဆိုင်းမှုပင်မရှိဘဲ ပြန်ဖြေသည်။

"ပြန်လာခဲ့" တန့်ယွင်ချီက သူ့ဒေါသများအား ဖိနှိပ်လိုက်ပြီး ပိုင်ရှီးယန်ကို အမိန့်ပေးလိုက်သည်။ "မင်း အခုချက်ချင်း အိမ်ပြန်လာခဲ့။ "

အခြားတစ်ဖက်မှ ပိုင်ရှီးယန်က သူ့အသံအခြေအနေမှာ သိပ်မကောင်းကြောင်း ခံစားမိသည်။ သူက နွေးထွေးစွာ ရှင်းပြသည်။ "ဘာဖြစ်လို့လဲ။ ကျွန်တော့်ကို ပြဿနာမရှာနဲ့နော်။ ကျွန်တော် အခုထွက်လို့မရသေးဘူး။ "

"မင်း ငါပြောတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးလား။ ချက်ချင်းပြန်လာခဲ့။ " တန့်ယွင်ချီက ဟိန်းဟောက်လိုက်သည်။ ထွက်လာလို့မရဘူး ဟုတ်လား။ ရိုက်ကွင်းကနေထွက်လာလို့မရတာလား၊ အခြားတစ်ယောက်ရဲ့ အိပ်ရာထဲကနေ ထွက်လာလို့မရတာလား။

သူပိုင်ရှီးယန်ကိုယ်ပေါ်၌ အမှတ်အသားသဲလွန်စများအား အရင်က ရုတ်တရက် တွေ့ဖူးသည်။ သို့သော် ပိုင်ရှီးယန်က ဓာတ်မတည့်ခြင်းသာဖြစ်ကြောင်း ရှင်းပြသဖြင့် သူယုံကြည်ခဲ့သေးသည်။

"အိုကေ။ " ဖုန်း၏ အခြားတစ်ဖက်မှ ပိုင်ရှီးယန်က ကတိပေးလိုက်သည်။

တန့်ယွင်ချီက ပိုင်ရှီးယန်အိမ်ပြန်လာသည့် မနက်စောစောအချိန်တိုင် စောင့်ဆိုင်းခဲ့ရသည်။ သူက ပိုင်ရှီးယန်၏ လည်ပင်းအား ဖုံးထားပုံကို တွေ့သောအခါ ချက်ချင်းဒေါသထွက်လာသည်။

"မင်း ဘာတွေလုပ်နေခဲ့တာလဲ။" တန့်ယွင်ချီက ဩရှရှအသံဖြင့်မေးလိုက်သည်။

"ရိုက်ကူးရေးပါပဲ။ ဘာမှမလုပ်ပါဘူး။ " ပိုင်ရှီးယန်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခန့်မှန်းထားပြီး ဖြစ်သော်လည်း သူ့သရုပ်ဆောင်စွမ်းရည်အား အသုံးချကာ ဖုံးကွယ်ထားချင်သေးသည်။ မည်သို့ပင်ဆိုစေ သူတန့်ယွင်ချီနှင့် မြန်မြန် မျက်နှာခွာချ၍ အဆက်အသွယ်မပြတ်ချင်သေးပေ။

"ရိုက်ကူးရေးလား။ ဟမ့်..." တန့်ယွင်ချီက မျက်နှာကို အုပ်ကိုင်လိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ရယ်တော့သည်။ "ဒီလို အခန်းမျိုး ရိုက်နေတာလား။ "

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now