39

9.8K 1.6K 49
                                    

Qing Yun ထွက်လာသောအခါ အာရုံတက်ချိန်နီးပါး ရှိနေပြီဖြစ်သည်။ သူဖုန်းဖွင့်ကြည့်လိုက်သောအခါ He Lan ကသူ့ဆီ စာတိုများ ဒါဇင်ချီပို့ထားကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် သူ He Lan ကို ဖုန်းတစ်ချက်ဆက်လိုက်သည်။

He Lan ကသူ့ဆီ ကားအမြန်မောင်း၍ လာကြိုခဲ့သည်။သူမက Qing Yun ကိုတွေ့သည်နှင့် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ထို အနည်းငယ်ဖောင်းနေသော နှုတ်ခမ်းများ၊ လည်တိုင်မှ အမှတ်အသားများ နှင့် သွားရာများသည် လွန်ခဲ့သည့်ညက ထိုလူငယ်လေး ဘာဖြစ်ခဲ့သည်ဆိုတာကို ပြသနေသည်။

He Lan က သူ့နှလုံးခဏရပ်သွားသလို ခံစားလိုက်ရသည်။အမေရေ၊ သမီး အတော်ကြာ ကာကွယ်ထားတဲ့ ဂေါ်ဖီထုပ်လေးကို ဘယ်ဝက်ယူသွားလဲမသိဘူး။

သို့သော် Qing Yun ၏စိတ်တည်ငြိမ်နေပုံကို ကြည့်ပြီး သူမက ဘာမှမပြောတော့ဘဲ ကားထဲတွင် နှုတ်ဆက်လိုက်သည်။

နောက်ခုံဘက်သို့ မိတ်ကပ်တစ်ဘူး (concealer) ပစ်ပေးလိုက်ပြီး He Lan သက်ပြင်းချလိုက်သည်။ "သုံးတတ်တယ် မဟုတ်လား။ ဒီနေ့ အစမ်းဖြေဖို့ တစ်ပွဲရှိသေးတယ်။ "

"အမ်း။ " Qing Yun က မိတ်ကပ်ဘူးကိုယူပြီး သုံးကြည့်သော်လည်း အသုံးမဝင်ပေ။ သူ့စိတ်ဝိညာဉ်ထဲတွင် ပေါင်ဒါတစ်ဘူးအား တိတ်တဆိတ် တီထွင်လိုက်သည်။ နာရီအနည်းငယ်ကြာပြီးနောက် သူရိုက်ကွင်းကို ရောက်လျှင် အမှတ်အသားများ ပျောက်လုနီးပါးဖြစ်သွားလိမ့်မည်။

Qing Yun ၏စိတ်ခံစားချက်က ကောင်းမနေပေ။ သို့သော်လည်း သူက Ning Qianyuan ကို နောက်ပို့လိုက်ပြီး ဘေးမှ ဇာတ်ညွှန်းစာရွက်ကို အကြမ်းဖျင်းကြည့်၍ Ling Hua Xianjun ဇာတ်ရုပ်အား လေ့လာနေသည်။ 

Ling Hua Xianjun ဇာတ်ကောင်ကို သရုပ်ဆောင်ချင်သည်ဟု သူစပြောထားတာဖြစ်သည်။ Qing Yun ၏သရုပ်ဆောင်ပညာက သိပ်မကောင်းပေ။ သူက သူ့ကိုယ်သူ အခြားတစ်ယောက်အဖြစ် ဘယ်တုန်းကမှ ဟန်မဆောင်ဘူးပေ။ သူ၏ အရည်အချင်းက မူလတစ်ယောက်ထက်ပင် ပိုဆိုးနေနိုင်သည်။ သို့သော်လည်း Qing Yun ကသူဤဇာတ်ကောင်ကို ကောင်းကောင်းသရုပ်ဆောင်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now