99

6.7K 1.4K 191
                                    

"မဟုတ်ပါဘူး၊ မင်းသမီး။ အခုက တောအုပ်အတွင်းပိုင်းမှာပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ နယ်စပ်မြို့ကို ရောက်ဖို့အတွက် နည်းနည်းကြာဦးမှာပါ။" ချင်းယွင်၏ဘေးမှ နတ်သူငယ်သူရဲကောင်းက ပြန်ဖြေသည်။

ချင်းယွင်ခေါင်ညှိတ်လိုက်ပြီး ချက်ချင်း စိတ်ဝင်စားမှုပျောက်သွားကာ ရထားလုံးဘက်သို့ပြန်သွားသည်။ သူက ဈေးတစ်ခုကိုရှာ၍ သူ့ခန္ဓာကိုယ်ပေါ်မှ သူနှင့်မကိုက်ညီသည့် ဤရှုပ်ရှုပ်ထွေးထွေး အဝတ်အစားများကို လဲပစ်ချင်သည်။

နေ့တိုင်း သူ၏ စကတ်အနားစကိုဆွဲ၍  တောအုပ်ကိုဖြတ်လျှောက်နေရသည်မှာ မည်မျှနာကျင်စရာကောင်းကြောင်းအား ဘုရားသာသိမည်။ ချင်းယွင်မှာ ၎င်းကိုဖြဲပစ်ချင်နေသည်အထိ ဒေါသထွက်နေသည်။ သူဖြဲပစ်ခဲ့သော်လည်း အတူပါလာသော အစေခံက နောက်တစ်စက္ကန့်အတွင်းမှာပင် ပို၍လှပသောစကတ်ကို ထုတ်လာခဲ့သည်။ ယခုအခါ ချင်းယွင်မှာ ဤသို့သောအဝတ်များနှင့်ပက်သက်၍ စိတ်ပိုင်းဆိုင်ရာအရိပ်ကြီးရနေပြီဖြစ်သည်။

ချင်းယွင် ရထားလုံးအပေါ်သို့ ခြေတစ်လှမ်းပင် မချရသေးစဉ်တွင် ရင်းနှီးနေသော မှော်စွမ်းအား လွှတ်ထုတ်လိုက်သည့်အသံအား ကြားလိုက်ရသည်။

လာပြန်ပြီလား။ သူမော့ကြည့်ကာ မျက်ဆန်လှည့်မိသည်။ ဤရက်များအတွင်းတွင် မှော်သားရဲကောင်များ၏ နှောက်ယှက်မှုသာမက သူ့အားဓားပြတိုက်ချင်သူများသည်လည်း တစ်လှိုင်းပြီးတစ်လှိုင်းရောက်လာသည်။ ချင်းယွင်က အခြားလူများထံမှ ကုန်ပစ္စည်းကဲ့သို့ အလုယူခံနေရသည့်ဘဝကို အလွန်အမင်းငြီးငွေ့နေပြီဖြစ်သည်။

ချင်းယွင်၏မျက်ဝန်းများထဲ၌ ရန်လိုစိတ်အနည်းငယ်ပေါ်လာသည်။ ထို့အပြင် မိန်းကလေးအဝတ်အစားနှင့် သူ့ခန္ဓာကိုယ်ပေါ်မှရှေးပစ္စည်း၏ ချုပ်နှောင်ထားမှုက ချင်းယွင်အား ကြောင်အစေသည်။ အထူးသဖြင့် သူ့ခန္ဓာကိုယ်ပေါ်မှ အံ့ဖွယ်ကောင်းသော စည်းမျဉ်းများနှင့်ရှေးပစ္စည်းက သူ့လှုပ်ရှားမှုများကို များစွာကန့်သတ်ထားသည်။ ပိုဆိုးသည်မှာ သူ့စိတ်ဝိညာဉ်က လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သဖြင့် ဤခန္ဓာကိုယ်ကို တဖြည်းဖြည်းဖြင့် လျှို့လျှို့ဝှက်ဝှက် ပြောင်းလဲနေရသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now