11

12.2K 1.8K 121
                                    

သူ့မျက်နှာပေါ်ပေသွားသော လက်ဖက်ရည်များကို ဂရုပင်မစိုက်ဘဲ Nie Songping က မျက်နှာပြင်ကို ကြည့်လိုက်သည်။

Qing Yun က အမေ ကို ဝမ်းနည်းပြီး နားလည်ပေးသော မျက်လုံးများဖြင့် ကြည့်နေသော်လည်း သူ၏ ကျောက်စိမ်းကဲ့သို့ လက်က Lin Yuhao ၏ ဒန်တျန်းထဲသို့ အကြင်နာမဲ့စွာ ထိုးစိုက်ထားသည်။

" ဒါ....သူ မသန်မစွမ်း ဖြစ်သွားပြီလား။ " Wang မိသားစု အကြီးအကဲက နှုတ်ခမ်းပြန်စေ့လိုက်သည်။

" ဒါတင် မကသေးဘူး။ " အကြီးအကဲ က မျက်နှာပြင်ကို ကြည့်လိုက်သည်။ " သူ့ရဲ့ လက်ဖဝါးက ဝိညာဉ်စွမ်းအားတွေနဲ့ပြည့်နေတယ်။ သူက ရှင်းရှင်းလင်းလင်းပဲ Lin Yuhao ရဲ့ သွေးကြောအဆက်တွေကိုလည်း ဖျက်ဆီးထားတယ်။ သူက ကျင့်ကြံဆင့် ဖျက်ဆီးခံရရုံသာမက မသန်မစွမ်းတစ်ယောက်ပဲ ဖြစ်နိုင်တော့မယ်။ "

ဤ စကားသံများထွက်လာသောအခါ သချိုင်းကို ခြေတစ်ဖက်လှမ်းနေသော မြေခွေးအိုကြီးများက Qing Yun ကိုကြည့်လိုက်ကြသည်။ Qing Yun က ညှင်သာသည့် အမူအရာရှိသော်လည်း သူတို့၏ နှလုံးသားထဲမှ ကြက်သီးထသွားစေခဲ့သည်။ အရမ်းငယ်တယ်။ ကျင့်ကြံဆင့်ကလည်းမြင့်တယ်။  အရမ်းလည်း ရက်စက်သေးတယ်။

ဒီကလေး Qing Yun က သူတို့ကိုယ်သူတို့ အရှက်ပြန်ရစေသည်။

Nie Chenyuan က အောက်ဘက်ဆီမှ မရပ်မနား အံ့အားသင့်သံများကို ကြားနေရသော်လည်း ပျော်ရွှင်စွာ ရယ်မောနေသည်။ Qing Yun က ကိစ္စ များကို ထွင်းထွင်းဖောက်ဖောက် သိမြင်နိုင်တာပဲ။ သဘာဝကျစွာပင် သူက စကားလုံးအနည်းငယ်ကြောင့် တစ်စုံတစ်ယောက်ကို သက်ညှာပေးမယ့်သူမျိုး မဟုတ်ပေ။

ပြိုင်ပွဲ ပြီးသွားသည်ကို တွေ့သောအခါ သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဖုန်းတစ်ချက် ဆက်လိုက်သည်။

" အမေ ကျွန်တော် ခင်ဗျားကိုလည်း စိတ်ပျက်မိတယ်။ "

Qing Yun က ကြေကွဲဝမ်းနည်းနေသော အမေ Lin ကိုလည်း ကြည့်လိုက်ကာ သနားစွာ ပြောသည်။

အမေ Lin က သတိမေ့တော့မလို ခံစားရသည်။ သူမက နောက်ဆုံးတွင်တော့ ယခု Qing Yun သည် သူမကို သနားခဲ့ဖူးသော Qing Yun မဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။ Lin Yuhao က မသန်မစွမ်း ဖြစ်သွားပြီ ဖြစ်သဖြင့် သူမ၊ သူမ၏ မိသားစုကို ဒုတိယကြိမ် စွန့်ပစ်ခဲ့ရသည့် အကြောင်းပြချက် ပျက်ပြယ်သွားသည်။ ပထမဦးဆုံးကတည်းကသခင်မ Qing နေရာမှာသာ နေခဲ့သင့်သည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးOpowieści tętniące życiem. Odkryj je teraz