128

7.4K 1.3K 19
                                    

ကံမကောင်းသော နောက်ပြိုင်ပွဲဝင်တစ်ယောက် တီးခတ်ပြီးချိန်တွင် ဒိုင်လူကြီးများက သူတို့၏ထိုင်ခုံများထဲ၌ မှီလိုက်ကာ တစ်ဦးနှင့်တစ်ဦး စိတ်မပါတပါဖြင့် စကားပြောနေကြသည်။ ဤပြိုင်ပွဲဝင်၏ တင်ဆက်မှုကို များစွာအာရုံမစိုက်သည်မှာ သိသာသည်။

နားချိန်အချို့ ပေးထားသော်လည်း တေးသံများအား အာရုံကြော တင်းတင်းများနှင့် ခပ်ပြင်းပြင်းဝေဖန်နေရခြင်းက ဒိုင်လူကြီးများအား အဆင်မပြေဖြစ်စေသည်။

မည်သို့ပင်ဆိုစေ သာမန်နားထောင်ရုံဆိုသာလျှင် အဆင်ပြေသည်။ သို့သော် လှပသောတေးဂီတကို အလောင်းကောင်ကဲ့သို့ စိတ်ဖြာလေ့လာရလျှင် ယခင်နားထောင်ရစဉ်ကကဲ့သို့ ရင်သပ်ရှုမောဖွယ်ရာကောင်းတော့မည်မဟုတ်ပေ။

နောက်ဆုံးတွင်တော့ ချင်းယွင်စင်ပေါ်တက်ရမည့်အလှည့် ရောက်လာသည်။ ပင်ပန်းနေသော အာရုံကြောများက ထပ်မံအားစိုက်ရန် ငြင်းဆန်နေသော်လည်း သူတို့မတ်မတ်ထိုင်လိုက်ပြီး ဆယ်ကျော်သက်ကောင်လေး၏ ဖျော်ဖြေမှုကို စိတ်ဝင်တစားကြည့်လိုက်သည်။ ပြိုင်ပွဲဝင်များအပေါ် တရားမျှတမှုမရှိဘဲ ဒိုင်လူကြီးများကိုယ်တိုင်က သိလိုစိတ်ဖြင့် အာရုံစိုက်နေကြသည်။

အထူးသဖြင့် အသစ်ဖိတ်ကြားခံထားရသော ဒိုင်လူကြီးများအတွက် ယခုတစ်ကြိမ်မှာ ဤချီးကျူးခံထားရသောလူငယ်လေး တိုက်ရိုက်တီးခတ်မည်ကို ကိုယ်တွေ့မြင်ရခြင်းဖြစ်ရာ စင်ပေါ်မှ ဆယ်ကျော်သက်ကောင်လေးအား သဘောကျစိတ်နှင့် အပြစ်ရှာလိုစိတ် ရောနေသောအကြည့်များဖြင့် ကြည့်နေကြသည်။

သို့ရာတွင် ပင်ပန်းနွမ်းနယ်နေလွန်းသဖြင့် ဤဒိုင်လူကြီးများ၏ ခပ်စူးစူးအကြည့်၌ စိတ်အားထက်သန်မှုလျော့နေသည်။

ထိုအဖြစ်က စင်အောက်မှ ပရိသတ်များနှင့်မူ လုံးဝမသက်ဆိုင်ပေ။ လူငယ်လေး စင်ပေါ်သို့ တက်လာသည်နှင့် ပရိသတ်အရေအတွက်က သိသိသာသာ များပြားလာသည်။ အင်တာနက်ပေါ်မှတစ်ဆင့် ပွဲကြည့်နေသူများပင် ပြန်ဝင်လာကြသည်။ တက်ကြွနေသော သဘောထားမှာ ပြိုင်ပွဲစစဉ်ကထက်ပင် ပိုများနေသည်။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးOù les histoires vivent. Découvrez maintenant