အခုအချိန်တွင် ဩဇာအာဏာကြီးကာ တစ်ကမ္ဘာလုံးအား ထိန်းချုပ်နိုင်တော့မည့် အလေးအမြတ်ကျင့်ကြံသူသားတော်က မျက်နှာကြီးမည်းနေပြီး ကျုံ့နေသောသူငယ်အိမ်များတွင်လည်း ဖော်ပြ၍မရနိုင်သော အကြောက်တရားများ ရှိနေသည်။

အလေးအမြတ်ကျင့်ကြံသူဂိုဏ်း၏ အကြီးအကဲအား သူပေးခဲ့သောကျောက်စိမ်းပြားတွင် သူ၏အစွမ်းတစ်ဝက်မျှ သိပ်သည်းနေသော်လည်း သာမန်လက်ဝါးချက်တစ်ခု၏ အောက်တွင်အသုံးမဝင်တော့ပေ။

ဤလက်ဝါးရာက အလေးအမြတ်ကျင့်ကြံသူသားတော်အား သူ၏လက်ရှိအနေအထားမှ ပြုတ်ကျသွားစေပြီး လွန်ခဲ့သည့်နှစ်တစ်ထောင်အကြာက အဖြူရောင်ဝတ်ရုံနှင့်ယောက်ျားအား ရင်ဆိုင်ရချိန်ကကဲ့သို့ သူအားပြန်နည်းသွားသည်။

"ချင်း...ယွင်" အလေးအမြတ်ကျင့်ကြံသူသားတော်မှာ တစ်ကိုယ်လုံး တုန်ယင်နေသည်။

သူ၏စိတ်ထဲ၌ ချင်းယွင်၏ အလေးမထားဟန် အေးစက်စက်အသံအားပြန်ကြားယောင်မိပြီး ဖိမ့်ဖိမ့်တုန်လာသည်။ "မင်းက အယောက် ၁၀၀ မြောက်ပဲ။"

ချင်းယွင်သတ်ရမည့် အယောက်တစ်ရာမြောက် ဇာတ်လိုက်ပင်။

အလေးအမြတ်ကျင့်ကြံသူသားတော်၏ အကြားအာရုံထဲတွင် ထိုစကားတစ်ခွန်းက နှစ်ထောင်ချီကြာ ပဲ့တင်သံထပ်နေပြီး ကိုးဆယ့်ကိုးယောက်သောအလျင်လူများ၏ စိတ်မချမ်းမြေ့ဖွယ်ရာ အဆုံးသတ်အကြောင်း သတိပေးနေသည်။

အလေးအမြတ်ကျင့်ကြံသူသားတော်က ကောင်းကင်ဘုံကျင့်ကြံသူအား စိတ်ထဲ၌ ကြောက်လန့်တကြား ဆက်သွယ်လိုက်သည်။ "ချင်းယွင်က ချင်းမိသားစုအိမ်မှာ ပေါ်လာပါပြီ။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ သူက ကျွန်တော့်ကို လာသတ်တော့မယ်။မကြာခင် အလေးအမြတ်ကျင့်ကြံသူဂိုဏ်းက တံခါးပေါက်ဖွင့်လိုက်ရင် သူကျွန်တော့်ကို လာသတ်လိမ့်မယ်။ အခုခင်ဗျားက ကျွန်တော့်ရဲ့ကိုယ်ထဲမှာနေနေတော့ ကျွန်တော်သေရင် ခင်ဗျားလည်း ထိခိုက်မှာပဲ။"

အလေးအမြတ်ကျင့်ကြံသူသားတော်မှာ ကြောက်စိတ်မွှန်နေသည်။ သူက ကောင်းကင်ဘုံကျင့်ကြံသူနှင့် ဆက်သွယ်နိုင်လျှင်ပင် စိတ်မချနိုင်ပေ။

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now